Lemony Snicket's A Series of Unfortunate Events (2004)

Rating : 6.8/10
Country : United State
Genre :  Adventure, Comedy, Family 
Cast : Jim Carrey, Jude Law, Meryl Streep 
Released Date : 2004
Duration : 1h 48min

 တစ်ချို့လူတွေကတော့ ရက်စက်အကျည်းတန်တဲ့
ကမ္ဘာကြီးကို မမြင်ချင်ယောင်ဆောင်ရင်း
ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာ သက်သာရာရှာရင်း
ဘာမှမဟုတ်သလို ဘဝကို ကုန်ဆုံးတတ်ကြတယ်။
တစ်ချို့လူတွေကတော့ ကမ္ဘာကြီးမှာ ရှာဖွေဖော်ထုတ်ရမှာတွေ
ရှိနေသေးတာကိုသိပြီး သုတေသနလုပ်ရင်း မှတ်တမ်းတင်ရင်း
ကြီးကျယ်ခမ်းနားစွာ ဘဝကိုကုန်ဆုံးတတ်ကြတယ်။အခုဇာတ်လမ်းကတော့ အဲ့ဒီ အစွန်းနှစ်ဖက်က
လွတ်တဲ့လူတွေအကြောင်းပါ။တစ်ခုခုကို တီထွင်တာလို..
စာအုပ်တစ်အုပ်ကို ဖတ်တာလို..အဓိပ္ပါယ်ရှိတယ်ထင်ရတဲ့
အရာတွေကနေ ..ဘာမှမဟုတ်ပဲ ပစ္စည်းတစ်ခုကိုလိုက်ကိုက်
နေတတ်တာလို အဓိပ္ပါယ်မရှိဘူးထင်ရတဲ့အရာတွေအပါအဝင်
တစ်ခုခုတွေကို လုပ်ရင်း အဆိုးဝါးဆုံး အခြေအနေတွေမှာ
မျှော်လင့်ချက်ရှိစွာပဲ ရှင်သန်တတ်ကြတဲ့ လူတွေအကြောင်းပါ။
သူတို့သိထားတဲ့ အသိကတော့ အခြေအနေ ဘယ်လောက်ပဲဆိုးဝါး
စုတ်ပြတ်နေပါစေ တစ်ခုခုတော့ အမြဲရှိနေတတ်တယ်ဆိုတာပါပဲ။အဲ့ဒီလူတွေကတော့ Baudelaire မောင်နှမသုံးယောက်ပါ။
အကြီးဆုံး Violet Baudelaireကတော့ စွန့်ပစ်ထားတာတွေ..
ကြားမှာ အသုံးဝင်တာတစ်ခုခုတော့ရှိတတ်ပြီး
အမှိုက်ဆိုတာလည်း နေရာလွဲမှားနေတဲ့ တန်ဖိုးရှိပဲ
ပစ္စည်းဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပြီး
စွန့်ပစ်ပစ္စည်းတွေကနေ တစ်ခုမဟုတ်တစ်ခု တီထွင်နေတတ်တဲ့
ကလေးမလေးတစ်ယောက်ပါ။
အလတ်ဖြစ်တဲ့ Klaus Baudelaireကတော့ စာအုပ်တွေကြားမှာ
ပျော်မွေ့တတ်တဲ့ စာကြမ်းပိုးကလေးဖြစ်ပြီး အငယ်ဆုံးလေးကတော့
တွေ့ကရာ လိုက်ကိုက်တတ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။သူတို့ မိသားစုရဲ့ အိမ်ကြီးကို ဘယ်ကနေဘယ်လိုဖြစ်မှန်း
မသိတဲ့ မီးလောင်မှုကြီးတစ်ခုဖြစ်သွားပြီး။ မီးထဲမှာ
သူတို့မိဘတွေပါပါသွားတာကြောင့် သူတို့မိဘမဲ့ဖြစ်သွားခဲ့ပါတယ်။
ကံဆိုးမိုးမှောင်ကျပြီး မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ ကလေးသုံးယောက်ရဲ့
ကံဆိုးမိုးမှောင်ကျမှုတွေဟာ ဒီတစ်ခုနဲ့ ရပ်မသွားပဲ
တသီတစ်တန်းကြီး ဆက်လာတဲ့အခါမှာတော့…..။စာရေးဆရာကတော့ Happy Ending ဖြစ်မသွားတတ်တဲ့
လက်တွေ့ဘဝတွေမှာ ကျွန်တော်တို့ဘယ်လိုရှင်သန်ရမလဲ
ဆိုတာကို ဒီဇာတ်ကောင် သုံးကောင်နဲ့ ကောင်းကောင်းကြီး
ုပြသွားခဲ့ပါတယ်။သိပ်စိတ်ဓာတ်ကျတတ်သူတွေ ကြည့်သင့်တဲ့
ကားကောင်းတစ်ခုလို့ ရည်ညွှန်းချင်လည်း မမှားပါဘူး။ Narratorတွေရဲ့ စကားတွေမှာ ပိုလှပသွားတဲ့ ဇာတ်လမ်းတွေ
အများကြီးရှိပါတယ်။Shawshank Redemptions၊ The Great Gatsby.၊ Cloud Atlas ၊Fight Club တို့လိုကားတွေမှာ အသက်က Narratorဆို
မမှားပါဘူး။ ဒီရုပ်ရှင်ကို အဲ့လိုကားတွေနဲ့ မနှိုင်းချင်ပေမဲ့
ဒီရုပ်ရှင်မှာ Narratorရဲ့အရေးပါပုံက အဲ့ဒီကားတွေထက်
ပိုပဲပိုပါမယ် မလျော့ပါဘူး။ သေချာတာတော့ ဒီရုပ်ရှင်ရဲ့
Narratorဟာ ကြည့်ရှုသူကို ဘယ်လိုဆွဲဆောင်ရမလဲ
ကောင်းကောင်းသိတဲ့ တကယ်အပြောကောင်းတဲ့လူပါပဲ။
ထပ်ဆောင်းပြောရရင် ဒီရုပ်ရှင်ထဲက
Jim Carreyရဲ့ Villain Role Actingတွေကလည်း
အတော်ရွံရှာစိတ်ပျက်လောက်အောင်ကို ကောင်းနေတဲ့အပြင်
IMDB Rating 6.8ရထားတဲ့ ကားကောင်းတစ်ခုပါ။

0 comments:

Post a Comment