Gulabo Sitabo (2020)



Rating : 6.6/10
Country : India
Genre :  Comedy, Drama 
Cast : Amitabh Bachchan, Ayushmann Khurrana, Vijay Raaz
Released Date : 2020
Duration : 2h 4min 

Gulabo Sitabo ဇာက်ကားကတော့ Comedy/Drama ဇာက်ကားအမျိုးအစားဖြစ်ပြီးIMDB rating 6.7ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Hindi သရုပ်ဆောင်တွေမှာနာမည်ကြီးမင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့အမီတာဘဂျမ်းကိုယ်တိုင်ပါဝင်ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
မိရ်ဇာဆိုတဲ့အဖိုးကြီးနဲ့ဘေဂမ်ဆိုတဲ့သူ့မိန်းမဟာဖာတီမာနန်းတော်လို့ခေါ်တဲ့ အိမ်ဟောင်းကြီးတစ်လုံးပိုင်ကြပါတယ်။အိမ်ကြီးမှာအိမ်ငှါးအဖြစ်နေကတဲ့သူတွေအများကြီးရှိပါတယ်။
မိရ်ဇာဟာသူ့မိန်းမဘေဂမ်ထက်အသက် ၁၇နှစ်ငယ်ပါတယ်။မိရ်ဇာဟာလောဘကြီးပြီးအိမ်ကြီးကိုအမည်ပေါက်ပိုင်ဆိုင်လိုတာကြောင့်
နည်းလမ်းအမျိုးမျိုးအဖုံဖုံကြိုးစားပါတယ်။အိမ်ငှါးတွေကိုလည်းအိမ်ထဲမှာမထားချင်ပဲတစ်အိမ်လုံးတစ်ယောက်တည်းအပိုင်စီးချင်တဲ့သူပါ။အိမ်ရှင်နဲ့အိမ်ငှါးတွေပြဿနာအကြားအာကော်လော်ဂျီသုတေသနလုပ်တဲ့ သူတစ်ယောက်ရောက်လာပြီးအိမ်ကြီးကိုနိုင်ငံအမွေအနှစ်အဖြစ်သိမ်းဖို့ကြံစည်ပါတော့တယ်။
မိရ်ဇာကြီးတစ်ယာက် သူပိုင်ချင်တဲ့အိမ်ကြီးကိုပိုင်ဆိုင်နိုင်ပါ့မလား…?
အိမ်ငှါးတွေကရောအိမ်ပေါ်ကမောင်းချခံရမှာလား……?ဒီဇာတ်ကားကတော့ လူတွေရဲ့ အတ္တနဲ့ လောဘတွေကို ဟာသလေးတွေနှောရင်း ပညာသားပါပါပြသပေးတဲ့ ကားကောင်းမို့ ခံစားကြည့်ကြပါဦး….

0 comments:

Post a Comment