Arya (2004)



Rating : 7.8/10
Country : India
Genre :  Action, Drama, Romance 
Cast : Allu Arjun, Anuradha Mehta, Siva Balaji 
Released Date : 2004
Duration : Action, Drama, Romance

ဒီကားက ဒရမျမာကားပါ
အက်ရှင်တွေ ပါပေမယ့်
ရိုရမယ့် အခန်းမှာ တကယ့်ကို နုရွနေအောင် ရိုက်ထားပါတယ်
အာရ်ယားဆိုတဲ့ ကောင်လေးက
တကယ့်ကို ပျော်ပျော်နေတတ်တဲ့ ကောင်လေး
ငယ်စဉ်ကတည်းက မိဘတွေမရှိတော့တဲ့ သူ့ကို ဆွာမိကြီးတစ်ယောက်က
(မြန်မာလိုဘုန်းကြီး ပြောရမလား) မွေးစားခဲ့တာပါ
ကောလိပ်တက်ရမယ့် အရွယ်ကိုရောက် လာချိန်မှာ သူတက်တဲ့ ကောလိပ်က ကောင်မလေး တစ်ယောက်ကို
ချစ်မိပါတယ်
ကောင်မလေး နာမည်က ဂီတဉ္ဇလီတဲ့
(အတိုကောက်ခေါ်တော့ ဂီတာပေါ့)
ဂီတာလေးကို သူချစ်တယ်
မြတ်နိုးတယ်
စွဲလန်းတယ်
ဂီတာပျော်ဖို့ဆို သူဘာမဆိုလုပ်မယ်
ဒါပေမယ့် အာရ်ယားလေး ကံဆိုးရှာတယ်
ဂီတာ့မှာ ရည်းစားရှိနှင့်နေပြီးသား
ဒါကြောင့် တစ်ဖက်သတ်အချစ်နဲ့ ဂီတာစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရင်း
အာရ်ယားခမျာ ကျေနပ်နေရရှာတာပေါ့
ဂီတာနဲ့ သူ့ရည်းစား အာဂျေးအကြောင်းကို ပြောရဦးမယ်
အာဂျေးဆိုတာ သူဌေးသား
ကောလိပ်က ကောင်မလေးတွေကို သူ့အရှိန် သူ့နောက်ခံအင်အားနဲ့ ထည်လဲတွဲနေသူပေါ့
ကောလိပ်ကို လာတက်တဲ့ ဖရက်ရှာလေး ဂီတာ့ဆီက မရရတဲ့ နည်းနဲ့
အဖြေရအောင် အကျပ်ကိုင်ထားလို့ ရည်းစားဖြစ်နေရတာမျိုး. . .

အာလူအာဂျွန်း ငယ်ငယ်က ရိုက်ထားတဲ့ကားမို့
လူငယ်ဆန်ဆန်နဲ့ အချစ်ကို ဦးစားပေးပြီး ရိုက်ပြထားတာ
ဂီတာစိတ်ချမ်းသာဖို့ အတွက်
အာဂျေးနဲ့ ဂီတာတို့ကို
သေဘာမတူတဲ့
အာဂျေးရဲ့ဖခင်ကြီး လက်က ကယ်ထုတ်ပြီး လူမိုက်တွေ ဘာတွေပါလာတော့
အချစ်ကားမှာ အက်ရှင်တွေ ပါလာတာ. . .
လူငယ်တစ်ယောက်ရဲ့ အချစ်ရေးအကြောင်း ရိုက်ပြထားတာဟာ နုညက်အိစက်နေတယ်
ဂီတဉ္ဇလီရဲ့ အလှအပနဲ့ ရူးသွပ်ခဲ့ရတဲ့
အာရ်ယားရဲ့ အကြောင်းကို
အဆုံးအထိ ရှုစားဖို့ အားပေးနိုင်ပါပြီ

စကားမစပ်
ဒီကားကြည့်ဖို့ ပဝါလေးတစ်ထည်တော့
ဆောင်ထားပေးပါ. . .

0 comments:

Post a Comment