Bad Boy (2020)



Rating : 3.7/10
Country : United State
Genre :  Action, Crime, Drama 
Cast : Antoni Królikowski, Maciej Stuhr, Katarzyna Zawadzka 
Released Date : 2020
Duration : 2h 15min

အညွှန်း
ပိုတက်နဲ့ ပါဝယ်ဆိုတဲ့ ညီအကို နှစ်ယောက်ရှိပါတယ်။ သူတို့ရဲ့ ဖခင်ဟာ ရက်စက်ကြမ်းကြုတ်ပြီး အမြဲတစေရိုက်နှက်နေတတ်ပါတယ်။ တစ်ရက်မှာတော့ မိခင်ဖြစ်သူကို နှိပ်စက်နေတဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီး အငယ်ဖြစ်သူ ပါဝယ်ဟာ ဖခင်ကို ဓားနဲ့ ထိုးသတ်မိသွားပါတယ်။

ကလေးသူငယ်ဖြစ်တာကြောင့် စိတ်ကျန်းမာရေးကို ကုသမှု ခံယူခိုင်းတာနဲ့ ပြီးဆုံးသွားပေမယ့် ပါဝယ်ဆီမှာ ဖခင်အမွေ ကြမ်းကြုတ်ရက်စက်မှုတွေ စီးဆင်းနေပါပြီ။ ဖခင်ပေးတဲ့ အမွေက အဲ့တစ်ခုတည်း မဟုတ်ခဲ့ပါဘူး။ ဘောလုံးပွဲကို ရူးသွပ်စွာ စွဲလမ်းမှုကိုလည်း အမွေပေးခဲ့ပါသေးတယ်။ မြို့ခံအသင်း ယူနီယာ ရဲ့ အမာခံပရိတ်သတ်တွေပါ။

ဒီလိုနဲ့ ကြီးပြင်းလာတဲ့ အခါမှာ အစ်ကို ဖြစ်သူက ရဲ ဖြစ်လာပြီး ညီဖြစ်သူကတော့ လောင်းကစား၊ မူးယစ်ဆေး၊ ရန်ပွဲနဲ့ မိန်းမ မရှောင်တဲ့ လူဆိုးဂိုဏ်းဝင်ဖြစ်လာပါတယ်။

ပါဝယ်ဟာ သူရူးသွပ်ရတဲ့ ဘောလုံးအသင်းကို ပိုင်ဆိုင်ဖို့ လူသတ်၊ မူးယစ်ဆေးရောင်းဝယ်ပြီး ပိုက်ဆံ ရှာလာပါတော့တယ်။ ဒီလို ညီဖြစ်သူရဲ့ လုပ်ရက်တွေကို အစ်ကို ဖြစ်သူ ပိုတက်တစ်ယောက် တားဆီးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။

0 comments:

Post a Comment