Abducted (2020)



Rating : 4.1/10
Country : United State
Genre :  Action, Crime, Drama 
Cast : Scout Taylor-Compton, Michael Urie, Najarra Townsend 
Released Date : 2020
Duration : 1h 50min

အညွှန်း
Abducted (ပြန်ပေးဆွဲခြင်း)ဆိုတဲ့ ဇာတ်ကားနာမည်​လေးအတိုင်း ၇နှစ်အရွယ်သမီးလေး ပြန်ပေးဆွဲခံလိုက်ရတဲ့အပေါ် အခြေခံပြီး သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ပြထားပါတယ်။

ဇာတ်လမ်းလေးကတော့ ဒိန်းဟန့်ထ်ဆိုတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်မှာ ၇နှစ်အရွယ်သမီးကလေးတစ်ယောက်ရှိပါတယ်။ မိခင်ဆုံးပါးသွားရှာပြီး ဖခင်ကလည်း အလုပ်ထွက်လုပ်နေရတာကြောင့် သမီးကလေးကို ဦးဦးဂေးစုံတွဲတို့က စောင့်ရှောက်ထားပါတယ်။ တစ်ရက်မှာ ရုတ်တရက် သမီးကလေးကို ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာ သမီးချစ်ဖေဖေ​တစ်ယောက် ဘလိုတွေခံစားမလဲ။ ရဲတွေက လိုက်လံရှာဖွေနေပေမယ့်လည်း မတွေ့နိုင်ဖြစ်နေတဲ့အခါ သမီးလေးရဲ့ ဖေဖေကိုယ်တိုင် ပါဝင်လာခဲ့ပါတယ်။ ရဲတွေကတော့ သူမဦးလေးစမစ်ဆိုသူကို တရားခံအဖြစ် ​​​ခေတ္တဖမ်းဆီးလိုက်ပါတယ်။ နောက်ဆုံး ထိုဦးလေးစမစ်က တကယ့်တရားခံအစစ်လား??? ဒါမှမဟုတ် တခြားသူလား??? ရဲတွေကကော သမီးကလေးကို ရှာတွေ့နိုင်ခဲ့ရဲ့လား??? သမီးကလေးအသက်ကောရှင်ရဲ့လား??? ဆိုတာတွေကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ကလေးပြန်ပေးဆွဲခံရတဲ့ ဖခင်တစ်ယောက်ရဲ့ စိတ်ခံစားမှု၊ ရှာမတွေ့နိုင်ဖြစ်နေတဲ့ စုံထောက်တွေရဲ့ စိတ်ခံစားမှု စတာတွေကို ကောင်းကောင်းကြီးတင်ပြထားတာ ဖြစ်လို့ ဆက်ဆက် ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။

0 comments:

Post a Comment