American Dreams in China (2013)



Rating : 7.0/10
Country : China
Genre :  Drama
Cast : Xiaoming Huang, Dawei Tong, Chao Deng
Released Date : 2013
Duration : 1h 52min

အညွှန်း
လူတိုင်းမှာ အိပ်မက်တွေ ကိုယ်စီရှိကြမှာပါ
ဒါပေမယ့် ကိုယ့်အိပ်မက်တွေ ဖြစ်မလာတဲ့ အခါမှာတော့
သူတို့တွေ ဘာလုပ်ကြမှာလဲ
ဘာဖြစ်သွားကြမှာလဲ….ဒီဇာတ်လမ်းမှာတော့ အမေရိက ကို အရမ်းသွားချင်ကြတဲ့ တရုတ်လူငယ် ၃ ယောက်အကြောင်းကို ရိုက်ပြထားပါတယ် ။ချန်ဒုံချင်း မုန့်ရှောင်ကျွင်းနဲ့ ဝမ်ရန်တို့ သူငယ်ချင်း ၃ ယောက်ဟာ အမေရိကမှာ ကျောင်းတက် အလုပ်လုပ်ချင်ကြတဲ့ သူတွေပါဒါပေမယ့် တကယ်တမ်း Visa လျှောက်တဲ့ အခါမှာတော့ မုန့်ရှောင်ကျွင်းတစ်ယောက်ပဲ အမေရိက ကိုသွားနိုင်ခဲ့ပြီး
ကျန်တဲ့ ၂ ယောက်ကတော့ တရုတ်မှာကျန်ခဲ့ပါတယ် ။
ချန်ဒုံချင်းဟာ တက္ကသိုလ် နည်းပြလုပ်ရာကနေ ကျူရှင်ခိုးသင်တာ မိသွားလို့ အလုပ်ပြုတ်ခဲ့ပါတယ်
အမေရိက ရောက်နေတဲ့ မုန့်ရှောင်ကျွင်းကလည်း အဲ့မှာ အဆင်မပြေလို့ ပြန်လာခဲ့တယ်သူပြန်လာတဲ့အခါ ချန်ဒုံချင်းနဲ့ ဝမ်ရန်က အင်္ဂလိပ်စာသင်တန်း ဖွင့်နေတာကို သိသွာပြီး
သူငယ်ချင်းတွေနဲ့ အတူ သူလည်း အဲ့အလုပ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်
ကိုယ်ပိုင်ကျောင်း ထူထောင်နိုင်ဖို့ ကြိုးစားကြတယ် ။အိပ်မက်တွေ အတိုင်းဖြစ်မလာကြတဲ့ သူတို့ ၃ ယောက်
တကယ်ပဲ ကိုယ်ပိုင်ကျောင်းတစ်ခု ထူထောင်နိုင်မှာလား
အရင်လိုပဲ ကျရှုံးဦးမှာလား
အောင်မြင်မှုတွေရဖို့ ဘယ်လိုကြိုးစားလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုကြပါနော်…။

0 comments:

Post a Comment