Wolf Totem (2015)

Rating : 6.7/10
Country :  China
Genre : Adventure, Drama
Cast : Shaofeng Feng, Shawn Dou, Ankhnyam Ragchaa
Released Date : 2015
Duration : 2h 1min

2015 တုန်းက ထွက်ရှိထားတဲ့ Wolf Totem ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဒါ့အပြင် ဇာတ်လမ်းမှာ နောက်ထပ်ပြသထားတာက မွန်ဂိုလွင်ပြင်မှာ နေထိုင်ကြတဲ့ ဝံပုလွေတွေ အကြောင်းပဲ ဖြစ်ပါတယ်…
ဒီဇာတ်လမ်းမှာ မင်းသားကြီး Feng Shao Feng က ချန်ကျန့်အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး
လူသားနဲ့ ဝံပုလွေရဲ့ကြားက သံယောဇဉ် မေတ္တာကို ပေါ်လွင်အောင် ဖော်ကျူးထားပါတယ် ။ဇာတ်လမ်းအကျဉ်းကတော့
၁၉၆၇ ခုနှစ်မှာ ချန်ကျန့်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ မွန်ဂိုဒေသမှာ ၂ နှစ်ကြာ စာပေသင်ကြားပေးဖို့ စေလွှတ်ခံခဲ့ရပါတယ်…
ချန်ကျန့်ဟာ မွန်ဂိုလွင်ပြင်ဒေသမှာနေထိုင်းရင်း ဝံပုလွေတွေရဲ့ သဘာဝကိုလည်း လေ့လာခဲ့ပါတယ် ၊
တစ်နေ့မှာတော့ လောဘကြီးတဲ့ လူတစ်စုကြောင့် ဝံပုလွေအုပ်စုတွေ ဒုက္ခတွေ့ခဲ့ရပါတယ်…
ဝံပုလွေသားပေါက်လေးတွေကို သတ်ပစ်ဖို့ အစိုးရက အမိန့်ပေးလိုက်တဲ့အခါမှာ မွန်ဂိုတွေဟာ ဝံပုလွေ သားပေါက်လေးတွေကို သတ်ပစ်ခဲ့ပါတယ် ၊
ဒါပေမယ့် သားပေါက်တွေထဲက တစ်ကောင်ကို ချန်ကျန့်က တိတ်တဆိတ်မွေးမြူထားခဲ့ပါတယ်…ဒါကို အထက်လူကြီးတွေ သိသွားတဲ့အခါမှာ ဘာဆက်ဖြစ်မှာလဲ…
ချန်ကျန့်ကရော ဝံပုလွေသားပေါက်လေးကို လွင်ပြင်ဆီပြန်လွှတ်မှာလား…
ဝံပုလွေအုပ်စု မျိုးတုံးသတ်ဖြတ်ခံရမှုကို တားဆီးပေးနိုင်မှာလား…
ဝံပုလွေအုပ်စုတွေ ဘယ်လို အခက်ခဲတွေနဲ့ ကြုံရမှာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်….။

0 comments:

Post a Comment