The Evil Dead (1981)

Rating : 7.5/10
Country :  United State
Genre : Horror
Cast : Bruce Campbell, Ellen Sandweiss, Richard DeManincor 
Released Date : 1981
Duration : 1h 25min

 Evil Deadဆိုတဲ့ နာမည်ကိုတွေ့လိုက်တာနဲ့
မကြည့်ဖူးဘူးဆိုရင်တောင်
အနည်းဆုံးတော့ ကြားဖူးကြမှာပါ။
မကြည့်ဖူးဘူးဆိုရင်လည်း ကြည့်ကြည့်ဖို့
တိုက်တွန်းပါရစေ။ သရဲကားကြမ်းကြမ်းမှ
ကြိုက်တဲ့ဆိုတဲ့သူတွေလည်း ကြည့်ဖြစ်အောင်ကြည့်ကြည့်ကြပါ။

ဇာတ်လမ်း အကျဉ်းကတော့
ကောလိပ်ကျောင်းသား ငါးယောက်ဟာ
အပန်းဖြေခရီးထွက်တဲ့အနေနဲ့
တောအုပ်ထဲက အိမ်တစ်အိမ်မှာသွားနေဖို့
ငှားရမ်းခဲ့ကြပါတယ်။ ထိုအိမ်အတွင်းမှာမြေအောက်ခန်းတစ်ခု ရှိနေပြီး
၎င်းမြေအောက်ခန်းထဲမှာရှိတဲ့
Recorderတစ်ခုနဲ့ စာအုပ်တစ်အုပ်ကို
တွေ့ရှိခဲ့ကြပါတယ်။ Recorderကို
ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့
သစ်တောထဲကမကောင်းဆိုးဝါးတွေ
အကြောင်းကို လေ့လာနေတဲ့
လူတစ်ယောက်ရဲ့ အသံကိုနားထောင်လိုက်ရပြီး မကောင်းဆိုးဝါးတွေကို စာအုပ်ထဲရှိ
ဂါထာရွတ်ဆိုပြီး ပြန်လည်နိုးထစေနိုင်ကြောင်း ရှင်းပြထားပါတယ်။ Recorderကို
ဆက်ပြီးနားထောင်တဲ့ အခါမှာတော့
မကောင်းဆိုးဝါးတွေကို နိုးထလာစေနိုင်တဲ့
ဂါထာရွတ်သံကို ကြားရပါတော့တယ်။
ထိုဂါထာရဲ့ အစွမ်းကြောင့် မကောင်းဆိုးဝါးတွေ ပြန်လည်နိုးထလာပြီး
တစ်ယောက်ချင်းရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်ကာနှောက်ယှက်ပါတော့တယ်။
မနက်မိုးလင်းတဲ့ အထိဘယ်သူတွေ
တောင့်ခံနိုင်မလဲဆိုတာကိုတော့

0 comments:

Post a Comment