A Good Woman Is Hard to Find (2019)

Rating : 6.2/10
Country :  United State
Genre : Crime, Thriller 
Cast : Sarah Bolger, Edward Hogg, Andrew Simpson
Released Date : 2019
Duration : 1h 37min

 နာမည်အတိုင်းပါပဲ ဇာတ်ကားဟာဆိုရင် မိန်းမတစ်ယောက်ရဲ့ ရုန်းကန် ရှင်သန်ရပုံကို ရိုက်ပြထားတာပါ။
ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခင်ပွန်းသည် ဟာ အသတ်ခံလိုက်ရပါတယ်။
ဒါကို ရဲတွေကလည်း သေချာမစုံစမ်းကြပါဘူး။ သူမမှာတော့ သားနဲ့ သမီးလေး ရှိပါတယ်။
သားကလည်း အဲ့​အဖြစ်ပျက်ကြုံရပြီး စကားမပြောနိုင်ဖြစ်သွားပါတယ်။
တစ်နေ့မှာတော့ တီတိုဆိုတဲ့ လူဟာ ရုတ်တရက် အိမ်ကိုဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။ အဲ့လူဟာ ဆေးရောင်းဝယ်တဲ့လူပါ။
ဆာရာကိုခြိမ်းခြောက်ပြီး ဆေးကိုဝှက်ထားကာ ဆာ့ရာ့အိမ်ကို ဝင်လိုက် ထွက်လိုက်လုပ်ခဲ့ပါတယ်။
အဲလိုနဲ့ သုံးရက်မြောက်နေ့ကျတော့ ဆာရာ့ရဲ့သားလေးဟာ ရောင်းမယ့်ဆေးကို ဆော့မိသွားခဲ့ပါတယ်။
အဲ့အခါ တီတိုက စိတ်တိုပြီး ဆာ့ရာကို သိမ်းပိုက်ဖို့ကြိုးစားရင်း ဆာရာရဲ့ဓားချက်ကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ဆာရာဟာ သူ့အလောင်းကို ဘယ်လိုဆက်လုပ်မလဲ။
ဒီလူကို ရော ဘယ်သူကတွေရှာနေတာလဲ။ သူမ ခင်ပွန်း ကိုသတ်ခဲ့တဲ့သူကော ရှာနိုင်မလားဆိုတာ သိချင်ရင်ကိုယ်တိုင်သာ ကြည့်ကြည့်လိုက်ပါ။Thriller ဆိုတဲ့အတိုင်း သွေးထွက်သံယို အနည်းငယ်တော့ပါပါတယ်။
သရုပ်ဆောင်တွေကလည်း အပိုလိုမရှိ ကြိုးစားသရုပ်ဆောင် ထားကြတဲ့အတွက် ကြည့်မယ်ဆိုရင် တကယ်ကို တန်တဲ့ဇာတ်ကားပါ။

0 comments:

Post a Comment