When The Devil Calls Your Name (2019)

16 Episodes

Rating : 8.2/10
Country : South Korean
Genre : Music,Comedy,Drama,Fantasy,Melodrama,Supernatural
Cast : Jung Kyung Ho,Park Sung Woong,Lee Seol,Lee El

Jung Kyung-ho နဲ့ Park Sung-woong တို့ရဲ့ Ongoing Drama တစ်ခုပဲ ဖြစ်ပါတယ် ...

ယခု Drama ထဲမှာလဲ Life On Mars ဇာတ်လမ်းတွဲလိုမျိုး သူတို့နှစ်ယောက်ရဲ့ မတည့်အတူနေ နှစ်ယောက်ကြားက ဟာသတွေကို tvN ရဲ့ သဘာဝလွန်ဇာတ်ညွှန်းနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

ဇာတ်လမ်းအကျဉ်း အနည်းငယ်ပြောရမယ်ဆိုရင် - အနုပညာနယ်ပယ်မှာ အောင်မြင်တဲ့တေးရေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ပါရမီရင့်သန်မှုတွေ, ဉာဏ်ကွန့်မြူးမှုတွေနဲ့ ဝါသနာကြီးမှုတွေအများကြီးရှိမှဖြစ်မှာပါ ... ဒါပေမဲ့ Ha Rip လောက်ကျော်ကြားတဲ့အဆင့်ရောက်ဖို့ဆိုရင်တော့ သင့်အနေနဲ့ ပေးဆပ်မှုတွေအများကြီးလုပ်ဖို့လိုပါလိမ့်မယ် ...

Ha Rip တစ်ဖြစ်လဲအနုပညာရှင်တစ်ယောက်ဟာ သူ့ဘဝတစ်လျှောက်လုံး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး နာမည်ရဖို့ကြိုးစားနေခဲ့ရသူပါ ... ဒီလိုနဲ့ သူ့အနေနဲ့ လက်လျှော့ရလုဆဲဆဲမှာ သူဖြစ်ချင်တာတွေဖြစ်ရဖို့ ကမ်းလှမ်းမှုတစ်ခူကိုရခဲ့ပါတယ် ... ဒါကတော့ သူလိုချင်တဲ့ အောင်မြင်မှုကိုရဖို့အတွက် သူ့ဝိဉာဉ်ကို နတ်ဆိုးဆီကို ရောင်းရတာပဲဖြစ်ပါတယ် ...

သူ့အတွက် အချိန် ၁၀ နှစ်ရခဲ့ပြီး အဲဒီအချိန်အတွင်းမှာ သူ့ရဲ့အောင်မြင်မှူအရှိန်အဟုန်တွေ ထိုးတက်ခဲ့ပေမဲ့ တစ်နေ့မှာတော့ နတ်ဆိုးနဲ့ ချုပ်ထားတဲ့ စာချုပ်သက်တမ်းပြည့်တဲ့ရက်ကို ရောက်လာပါတော့တယ် ... ဒါပေမဲ့ အဲဒီအချိန်မှာ သူသိလိုက်ရတာက သူ့ရဲ့အောင်မြင်ကျော်ကြားမှုတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ဘဝတစ်ခုနဲ့ဆက်စပ်နေတယ်ဆိုတာပါပဲ ... အောင်မြင်မှုအတွက် ဝိဉာဉ်ကိုရင်းထားရသူတစ်ယောက်နဲ့ သူ့ဘဝအောင်မြင်အောင် အထောက်အပံ့ပေးရသူ ၂ ယောက်ကြား ဘာတွေဆက်ဖြစ်မှာလဲ?

အခုလက်ရှိ TvN ကနေထုတ်လွှင့်ပြသနေပြီး စိတ်ဝင်စားစရာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ခုလို့ ညွှန်းဆိုချင်ပါတယ် ...

ဝိဉာဉ်ရောင်းစားသူ Ha Rip အဖြစ် Jung Kyung-ho နဲ့ နတ်ဆိုး Ryu အဖြစ် Park Sung-woong တို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်

Rating တွေအရ Viki မှာ 9.4/10 နှင့် MyDramaList မှာ 8.5/10 အသီးသီးရရှိထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ ...

0 comments:

Post a Comment