When The Camelllia Blooms (2019)

20 Episodes

Rating : 8.7/10
Country : South Korean
Genre : Thriller,Comedy,Romance,Drama,Family
Cast : Gong Hyo Jin,Kang Ha Neul,Kim Ji Suk

Jealousy Incarnate နောက်ပိုင်း ဒရာမာဘက် မလှည့်တော့တဲ့ မမရဲ့ ကားသစ်ကတော့ နောက်ဆုံးမှာ ကြည့်ခွင့်ရခဲ့ပါပြီ၊
Master's Sun နဲ့ ရင်ထဲရောက်ခဲ့တဲ့ မမကို It's Ok,That's Love မှာ အရမ်းချစ်ပြီး Jealousy Incarnate မှာ အသည်းအသန်ဖြစ်ခဲ့ရတဲ့ ကျွန်တော့်အတွက် မမရဲ့ ကားသစ် When the Camellia Blooms မှာလဲ အရမ်း ချစ်ဖို့ကောင်းနေပါတယ်၊
တွဲဖက်မင်းသားကတော့ Moon Lovers ရိုက်ကူးပြီး စစ်ထဲရောက်သွားပြီး ပရိသတ်တွေလွမ်းနေကြတဲ့ Kang Ha Neul ရဲ့ ပထမဆုံး ပြန်ရိုက်တဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်၊
Cast ကတော့ အရမ်းလန်းနေပြီ၊ ဇာတ်လမ်းကလည်း မိုက်တယ်၊

ဇာတ်လမ်း အကျဉ်းအနေနဲ့ကတော့ အော်ဆန်ဆိုတဲ့့ လှပတဲ့ ကျွန်းမြို့လေးမှာ ယောင်ရှစ်ဆိုတဲ့ကောင်လေးဟာ လူဆိုးဖမ်းဖို့ဆိုရင် တဇွတ်ထိုးနိုင်တဲ့သူပါ
မြို့သူကောင်မလေးနဲ့တွဲမယ်ဆိုပြီး မတွဲဖြစ်ခဲ့ဘဲ အကြောင်းတစ်ခုကြောင့် ဇာတိမြို့ဆီ ရာထူးအချခံရပါတယ်
သူလိုချင်တဲ့ကောင်မလေးက ဒိုင်ယာနာမင်းသမီးလို တော်ပြီး ချောရမယ့်အပြင် မြို့သူလဲဖြစ်ရမှာပါ

ဒီဇာတ်ကားမှာတော့ မမ Gong Hyo Jin က Dong Beak ဆိူတဲ့ Single Mother အဖြစ်သရုပ်ဆောင်ထားတာပါ၊
ဆင်ဂယ်မားသားအဖြစ်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ထိုမြို့မှာ Camellia ဆိုတဲ့ စားသောက်ဆိုင်လာဖွင့်တဲ့မိန်းကလေးဟာ ၆နှစ်ဆိုတဲ့ကာလအကြာမှာ အောင်မြင်လာပါတယ်
ဒီလို မမရဲ့ကြမ်းတမ်းတဲ့ ဘဝလေးကို မမမျက်နှာမြင်ပြီးကြွေပြီး တာဝန်ယူချင်နေတဲ့ ရဲသားလေးအဖြစ် Kang Ha Neul က သရုပ်ဆောင်ထားတာပါ၊
အချစ်နဲ့ပတ်သတ််ရင် ဘာမှမသိတဲ့ ရဲအရာရှိနဲ့ ရိုးသာကြိုးးစားတဲ့ဆင်ဂယ်မားသားတို့ ဘယ်လိုအချစ်ဇာတ်ခင်းကြမလဲ??
နှစိယောက်လုံးက သရုပ်ဆောင် ကောင်းသူတွေပီပီ သူတို့နှစ်ယောက်ကြားက Chemistry ကတော်တော်မိုက်နေပါတယ်၊

နောက်ပြီး ရိုက်ကူးမှုတွေဝေးကွာနေတဲ့ နောကိထပ်ချစ်ဖို့ ကောင်းတဲ့ မမ Son Dam Bi လည်း ပါဝင်ထားပါသေးတယ်၊
ဒိဇာတ်ကားကိုဇာတ်ညွှန်းရေးသူက နာမည်ကျော်
Fight for my way ဇာတ်ကားကို ဇာတ်ညွှန်းရေးသူဖြစ်ပြီး ဒီဇာတ်ကားက လတ်တလောထွက်တဲ့ဇာတ်ကားတွေထဲမှာ အခြေအနေကောင်းပြီး ကြည့်ရတန်မယ်ဆိုပြီး သတင်းပြေးနေတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်၊

Sep 18 ရက်နေ့ကနေစပြီး အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့တိုင်း Kbs 2 ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသွားမှာ ဖြစ်ပြီး သတင်းကောင်းအနေနဲ့ကတော့ Netflix မှာပါ တစိခါတည်းတန်းကြည့်လို့ရမှာပါ၊

ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုပြင်းတဲ့ မမ Gong Hyo Jin ရဲ့ ကားသစ်ကို ကြည့်ဖို့ စောင့်မျှော် နေတဲ့သူတွေရှိရင် ကြည့်ရှုလို့ရပါပြီဗျာ .

0 comments:

Post a Comment