Valley Girl (2020)

Rating : 5.4/10
Country : United State
Genre : Comedy, Musical, Romance 
Cast : Jessica Rothe, Josh Whitehouse, Jessie Ennis  
Released Date : 2020
Duration : 1h 42min 

ဒီဇာတ်ကားလေးက Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ။ အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ရယ်လည်းရယ်ရသလို  တစ်ကားလုံးလဲ သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။တောင်ကြားမြို့လေးထဲမှာ ရှိတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလဲဆင်တူ ဝတ်ကြတယ်။
ဘဝကို ပျော်ပျော်ပဲဖြတ်သန်းကြပေမယ့် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့အထက်တန်းစားယောက်ကျားမှဖြစ်ရမယ်ပေါ့။ အဲ့ထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားတယ်။ရှေးရိုးစွဲ မဆန်ချင်ဘူး …အချစ်ကိုကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အသင့်ပဲဆိုပါတော့…။ အဲ့ဒီလို ကောင်မလေးနဲ့ မိဘမရှိ တေလွင့်နေတဲ့ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်…မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလိုအယူအဆတွေလည်း ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ အတော်ခက်တယ်ပြောရမယ်….ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါ

0 comments:

Post a Comment