Hero (2019)

Rating : 6.4/10
Country : Korea
Genre : Action, Drama, Thriller 
Cast : Sivakarthikeyan, Abhay Deol, Arjun Sarja         
Released Date : 2019
Duration : 2h 44min

 မြန်မာပြည်မှာ ရုံတင်သွားခဲ့တဲ့ တမီးလ်(Tamil)ကား အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။မင်းသားကတော့ ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ချစ်သူတွေ စိမ်းနေနိုင်ပေမဲ့ မင်းသမီးကတော့… Hello 2017 ဇာတ်လမ်းထဲက မင်းသမီးလေးပါ။ဇာတ်လမ်းအကြောင်း အနည်းငယ် ချပြချင်ပါတယ်။ကလေးတစ်ယောက်ကို “မင်းကြီးလာရင် ဘာလုပ်မလဲ”လို့ မေးကြည့်တဲ့အခါ တစ်ချို့က ဆရာဝန် ၊ တစ်ချို့က ရဲသား ၊ တစ်ချို့က ၊ စစ်သား စသဖြင့် သူရဲကောင်းဆန်ဆန် ဖြေကြလိမ့်မယ်။
တကယ်တမ်းအဲ့ဒီကလေးတွေ ကျောင်းပြီးသွားတဲ့အခါ ဘာလုပ်မလဲလို့ မေးကြည့်ရင် “အိမ်ကောင်းကောင်း တစ်လုံး လိုချင်တယ်” ၊ “ကားကောင်းကောင်း စီးချင်တယ်” ဆိုတဲ့ အဖြေတွေ ပေးကြလိမ့်မယ်။ငယ်ဘဝတုန်းက သူရဲကောင်းဆန်ဆန် ပြောခဲ့ကြတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတော့မှ ဘာကြောင့် ရည်ရွယ်ချက်တွေ ပြောင်းလဲသွားရတာလဲ….?ဒါဟာ ဒီဇာတ်ကားအဖွင့်မှာ ပါတဲ့ ဒိုင်ယာလော့ဂ်တွေထဲက တစ်ချို့ကို ကောက်နှုတ်ပြလိုက်တာပါ။အိန္ဒိယနိုင်ငံဟာ ပညာရေးနဲ့ပက်သက်ပြီး ထောက်ပြတဲ့ ဇာတ်ကားတွေကို ဖန်တီးရာမှာ မတူညီတဲ့ ရှုထောင့် ၊ မတူညီတဲ့ အမြင်တွေနဲ့ ပရိတ်သတ်ကို အသိအမြင်တွေ ပေးစွမ်းနိုင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ပိုစတာနဲ့ ထွေလာအရဆိုရင် ဒီကားကို စူပါဟီးရိုး(လူစွမ်းကောင်း)ဇာတ်ကားလို့ ထင်ချင်စရာပါပဲ။တကယ်တမ်းတော့ ဒီကားက လက်တွေ့ဘဝတွေထဲမှာ လူစွမ်းကောင်း (သူရဲကောင်း)ဖြစ်အောင် ဘယ်လိုနေထိုင် ရှင်သန်သွားရမလဲဆိုတာကို ပြပေးတဲ့ကားပါ။ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ပညာရေးနယ်ပယ်ထဲမှာရှိတဲ့ အနိဌာရုံ ဖြစ်ရပ်ဆိုးတွေ ၊ ပညာရေးကို အသုံးချပြီး စီးပွားရှာနေသူတွေ ၊ တော်လွန်းတဲ့သူတွေပါရမီရှိသူတွေကို တက်နင်းပြီး ဖိနှိပ်အမြတ်ထုတ်တာတွေ အများကြီးကို ရိုက်ပြထားတာပါ။ပညာရေးနယ်ပယ်ကို ကြည့်လိုက်ရင် ကိုယ်ထူကိုယ်ထကျောင်းတွေ များလာသလို ကိုယ်ပိုင် ကျောင်းတွေလည်း များလာတယ်။ကိုယ်ပိုင်ကျောင်းတွေဟာ ကျောင်းသားလူငယ်တွေကို အမဲဖျက်စားသောက်ပြီး စီးပွားရေးဖက်ကို ဦးတည်လာတယ်။ဒီလို ပညာရေးအမည်ခံ ကိုယ်ပိုင်ကျောင်း စီးပွားရေးသမားတွေလက်ထဲ အနာဂတ်ကလေးတွေရဲ့ ကိုယ်ပိုင်ကြံဆမှုတွေ ပျောက်ပျက်လာတယ်။ဒါတွေဟာ အိန္ဒိယနိုင်ငံရဲ့ မျက်မှောက်ခေတ်မှာ ဖြစ်ပျက်နေတဲ့ လုပ်ရပ်ဆိုးတွေဆိုရင် မမှားဘူး။ဒါကို မီးမောင်းထိုးပြဖို့ လိုအပ်လာတဲ့အခါ……

0 comments:

Post a Comment