Unasked Family (2019)

123 Episodes

Rating : 7.3/10
Country : South Korean
Genre : Comedy,Romance,Drama,Family
Cast : Choi Yoon So,Seol Jung Hwan,Shim Ji Ho,Jung Yoo Min

Comedy လေးတွေလည်း ပါသေးတယ်တော့ မပျင်းရဘူးဆိုတာတော့ သေချာပါတယ်။ မင်းသမီး Choi Yoon-So နဲ့ မင်းသား Sul Jung-Hwan တို့ အဓိက ပါဝင်ပြီး နောက်ထပ် Cast တွေက များတော့ ထည့်မပြောတော့ပါဘူး။ အပိုင်းအရေအတွက် (123)ပိုင်း ပါဝင်မှာပါ။ KBS1 ရုပ်သံက ထုတ်လွှင့်နေတာဖြစ်ပါတယ်။

ဇာတ်လမ်းက မိသားစု နှစ်စုရဲ့ ပြောင်းလဲမှု ဘ၀နေထိုင်မှု ပုံစံတွေကို အဓိက ဖော်ပြထားပါတယ်။ Kang Yeo-Won ရဲ့အိမ်မက်က သတင်းထောက်ဖြစ်ချင်တာ။လက်ရှိမှာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲရှိသေးတယ်။ မမျှော်လင့်ပဲ သူမချစ်သူနဲ့ကိုယ်ဝန်ရသွားချိန်မှာတေ့ာ သူ့မ အိမ်မက်တွေ ပျက်ပြယ်သွားခဲ့ရတယ်။ဒီလိုနဲ့ အိမ်အလုပ်တွေ လုံးလည်လိုက်ရင်း သူမ ယောကျာ်း မတော်တဆမှုတစ်ခုဖြစ်သွားချိန်မှာတော့ သူမဘ၀အပြောင်းအလဲ ထပ်ဖြစ်ခဲ့ရပါတော့တယ်။

တဖက်မှာလည်း Bong Chun-Dong ဆိုတဲ့ ကောင်လေးက ညီမတစ်ယောက်ရှိတယ်။ ဒါပေမယ့် သူ့ က နှလုံးရောဂါသည်လေး၊ ခွဲစိတ်မှု ခံယူပြီးတဲ့နောက်မှာ အသက်ဆက်ရှင်သန်နိုင်ခဲ့တယ်။ ဒီလိုနဲ့ ကျန်းကျန်းမာမာ ကြီးပျင်းလာတဲ့ Chun-Dong တစ်ယောက် စာမေးပွဲလည်း အောင်မြင်ခဲ့သလို အလုပ်လည်း အဆင်ပြေသွားတဲ့အခါမှာ........

ဒီဇာတ်လမ်းက လူ့ဘ၀မှာ ဖြစ်လေ့ဖြစ်ထရှိတာတွေ ၊ရုန်းကန်နေရမှုတွေ၊ မိသားစုရဲ့ relationship တွေ၊တချိူ့အဖြစ်အပျက်တွေက ဟာသတွေဖြစ်နေတာမျိူး၊ အမျိူးမျိူးသော ဘ၀ လူနေမှုအကြောင်းအရာတွေကို ဖော်ပြထားတာကြောင့် အပျင်းပြေကြည့်ရှုလို့ အဆင်ပြေမယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။

0 comments:

Post a Comment