Tunnel (2017)

16 Episodes

Rating : 8.8/10
Country : South Korean
Genre : Suspense,Thriller,Mystery,Psychological,Crime,Sci-Fi
Cast : Choi Jin Hyuk,Yoon Hyun Min,Lee Yoo Young

ဒီဇာတ်ကားက Time Travel နဲ့ မှုခင်းစုံထောက် ကားလေးပါ။
☆1985 ခုနှစ်ကစလို့ စုံထောက်ဖြစ်သူ"Park Gwang-Ho"တို့ ရဲစခန်းနယ်မြေပိုင်နက်အတွင်း မိန်းကလေးတွေ တူညီတဲ့ပုံစံနဲ့ ထူးဆန်းစွာ သေဆုံးလာပါတယ်။
☆ထူးဆန်းတာက ဘယ်လိုမှ သက်သေမရှိ၊ လက်ဗွေရာ မကျန်ခဲ့တာမို့ စုံထောက်တွေ အဖြေရှာမရဖြစ်ခဲ့ပြီး "Park Gwang-Ho"ညီမတစ်ယောက်လို ခင်မင်ရသူအပါအဝင်
ထိုနှစ်အတွင်း(၄)ယောက် သေဆုံးခဲ့ပါတယ်။
☆1986ခုနှစ်ရောက်ချိန်မှာတော့ မိန်းကလေးအလောင်းတစ်ခု ထပ်မံပေါ်လာပြန်ပြီး ခြေထောက်ပေါ်က အစက်(၆)စက်ကို စုံထောက်"Park Gwang-Ho" စတင်သတိပြုမိပါတော့တယ်။
☆တကယ်တော့ အရှေ့ကသေဆုံး(၄)ယောက်ရဲ့ ခြေထောက်မှာလဲပါ အစက်တွေပါနေပြီး လူသတ်သမားက အမှတ်အသားလုပ်ထားတာကို ဘယ်သူမှ သတိမပြုမိခဲ့တာပါ။
☆အစက်(၄)စက်နဲ့ (၆)စက်ကြားမှာ (၅)စက်ပါတဲ့အလောင်းက ဘယ်ရောက်နေသလဲ?
ဖြေရှင်းရခက်တဲ့ အမှုရဲ့ ကွင်းဆက်လူသတ်တရားခံက ဘယ်သူဖြစ်မလဲ?
ဘာကြောင့် မိန်းကလေးတွေကို တူညီတဲ့ပုံစံနဲ့ သတ်နေရသလဲ?
☆တစ်ည မိန်းမအိမ်ကထွက်ခဲ့ပြီး လူသတ်သမားကို ခြေရာခံမိလို့ တရားခံပြေးဝင်သွားတဲ့လိုဏ်ခေါင်းထဲပြေးလိုက်ရင်း ဥမင်ရဲ့နောက်တစ်ဖက်မှာတော့ သူမသိတော့တဲ့တခြားကမ္ဘာအဖြစ် 2017 ခုနှစ်ကို ရောက်ရှိလာပါတော့တယ်။
☆ဒီဘက်ကမ္ဘာမှာတော့ စုံထောက်ဖြစ်သူ"Kim Sun-Jae"၊ တရားခံစိတ်ပညာရှင် ပရော်ဖက်ဆာ"Shin Jae-Yi"တို့နဲ့ တွေ့ဆုံခဲ့ပြီး သူတို့တွေရဲ့အကူအညီနဲ့ ဒီဘက်ခေတ်ရောက်လာတဲ့ ထိုလူသတ်သမားကို ဘယ်လိုဖမ်းကြမလဲဆိုတာကတော့ ....

0 comments:

Post a Comment