2 Episodes
Rating : 8.4/10
Country : South Korean
Genre : Friendship,Music,Comedy,Romance,Family
Cast : Kim Sung Chul,Jung Chae Yeon
To Jenny ဆိုတဲ့ ကိုရီးယားmusical ဒရမ်မာကားလေးပါ
အဲ့ကားလေးမှာ မင်းသားအဖြစ် Kim Sung Cheol နဲ့
မင်းသမီးလေးအဖြစ် Jung Chae Yeon
(Reunited world ထဲကမင်းသမီးငယ်လေး) တို့က
အဓိက သရုပ်ဆောင် ပေးထားကြတာပါ
ဇာတ်ကားလေးက လူငယ်ဆန်ပြီး ကြည်နူးရမယ့်
Romance and music ကားလေးပါ 🎸🎸🎸
ဇာတ်လမ်းအကျဉ်းလေးကတော့
ပတ် ဂျောင်မင်း(Kim Sung Cheol) ဟာ
စတိုးဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ရင်း
ဂီတကို ရူးသွပ်နေတဲ့လူငယ်လေးပါ
သူဟာအနေအေးလွန်းပြီး လူတွေရှေ့မှာ
သီချင်းဆိုရဲတဲ့သူမဟုတ်သောကြာင့်
သူ့ညီမလေး အုတ်ဟီးကိုသာ
သူ့ရဲ့ own tune လေးတွေကို ဆိုပြလေ့ရှိတဲ့သူပါ
ဂွမ်နာရာ (Jung Chae Yeon) ကတော့
မိန်းကလေးအကအဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်ပြီး
အဖွဲ့ပျက်သွားပြီးတဲ့နောက် အခုလောလောဆယ်မှာ
ဂီတဘက်ကို လိုက်ဖို့ ဂစ်တာတီး
သင်ချင်နေသူလေးပါ သူမအေဂျင်စီက
အသက်ကြီးတယ်ဆိုပြီး မကခိုင်းတော့ဘဲ
သီချင်းဆိုဖို့ ဂစ်တာတီးသင်ရမယ့်
သနားစရာကောင်မလေးတစ်ယောက်ပါ 😞😞😞
ပြီးတော့ ပတ်ဂျောင်မင်း အထက်တန်းကျောင်းကတည်းက
crush ခဲ့ရသူလေး အလှနတ်သမီးလေး တစ်ပါးဆိုလည်း
မမှားပါဘူး😍😍😍
အဲ့တော့ အများကြီး ပြောမနေတော့ပါဘူး 😁😁😁
ပတ်ဂျောင်မင်း နဲ့ ဂွမ်နာရာ တို့ ဘယ်လို ပြန်ဆုံတွေ့ဖြစ်ကြမလဲ???
ဂစ်တာတီးသင်ချင်နေတဲ့ ဂွမ်နာရာ နဲ့
ဂစ်တာတီးကျွမ်းတဲ့ ပတ်ဂျောင်မင်းတို့
ဘယ်လို ဇာတ်လမ်းဆက်ကြမလဲ 👫👫👫
သီချင်းမဆိုရဲတဲ့ ပတ်ဂျောင်မင်း တစ်ယောက်
လူတွေ့ရှေ့ သီချင်းရော ဆိုနိုင်မှာလား 🎤🎤🎤
ဂွမ်နာရာ တစ်ယောက်ရော ဂစ်တလောကကို
လျှောက်လှမ်းနိုင်ပါ့မလား 🐾🐾🐾
Netflix original ယူထားတဲ့ကားမို့
ဇာတ်လမ်းမကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး..
ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့
0 comments:
Post a Comment