16 Episodes
Rating : 9.1/10
Country : South Korean
Genre : Romance,Drama,Family,Melodrama
Cast : Kim Hee Ae,Park Hae Joon,Han So Hee
တချို့တွေက ပြောတယ်။ အိမ်ထောင်ရေး ဆိုတာ အနုပညာ တဲ့။ အင်မတန်မှန်တဲ့ စကားရပ်ပါ။အိမ်ထောင်ရေး ဆိုတာ အရမ်းကို နူးညံ့တယ်။ သိမ်မွေ့တယ်။ ပညာသားပါတယ်။
အိမ်ထောင်ထိန်းသိမ်းမှုအတတ်ပညာဆိုတာ အိမ်ထောင်သည် အိမ်ရှင်မတွေ မဖြစ်မနေ တတ်ကို တတ်သင့်တဲ့ ပညာပါ။
ဇာတ်လမ်းတွေထဲမှာတော့ မင်းသားနဲ့မင်းသမီး ဇာတ်ပေါင်းရင် Happy Endingပေါ့ဗျာ။ တကယ်တော့ မဟုတ်ဘူးဗျ . အိမ်ထောင်ရေး ခရီးကြမ်းကြီးက အဲဒီကျမှ စတာ။
ဒီတော့ကာဗျာ ..... အိမ်ထောင်သည်တို့ရဲ့ကမ္ဘာ ကို တစ်ခေါက်လောက် အလည်သွားကြတာပေါ့။
လူပျို၊ အပျိုတွေ ဒီဇာတ်လမ်းကြည့်ပြီးလို့ အိမ်ထောင်မပြုချင်လောက်အောင် ဖြစ်သွားရင်တောကျွန်တော့်တာဝန် မဟုတ်ဘူးနော့။ နောက်ပြီး ၁၈ ယောက် စုပြီးမှ ကြည့်ရမယ့် အခန်းတွေ ပါတော့
လူကြားသူကြားတော့ မကြည့်မိစေနဲ့နော် . . (သိုင်းမချဘူး ဆိုပေမယ့် သိုင်းကွက်ထုတ်တဲ့ အခန်းတစ်ချို့တော့ပါတာမို့ သတိပြုစေချင်ပါတယ်။)
ဇာတ်လမ်းက မိန်းကလေးတွေ အကြိုက်ဆိုပေမယ့် စနိုက်မလေးက ချောတယ်ဗျ။ ကိုယ့်ညီနောင်တွေမကြည့်မိရင် နောင်တရနေမှာစိုးလို့ သတိပေးပါရစေ။
0 comments:
Post a Comment