The Warrior Queen of Jhansi (2019)

Rating : 3.3/10
Country : India
Genre : Action, Adventure, Drama
Cast : Jodhi May, Nathaniel Parker, Rupert Everett 
Released Date : 2019
Duration : 1h 42min

 The Warrior Queen of Jhansi ဆိုတဲ့ အိန္ဒိယဇာတ်ကားလေးဖြစ်ပါတယ် အိန္ဒိယနိုင်ငံရဲ့ ပြိုင်ဘက်မရှိအမျိုးသမီးသူရဲကောင်းတစ်ယောက်ဖြစ်တဲ့ Rani အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်
အရှေ့အိန္ဒိယကုမ္ပဏီဟာ အိန္ဒိယနိုင်ငံကိုအခြေချပြီး ကူးသန်းရောင်းဝယ်မှုတွေပြုလုပ်ခဲ့ရင်း အချိန်ကြာလာတာနဲ့အမျှ သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်
ဗြိတိသျှတွေနဲ့ မိတ်ဆွေလိုနေခဲ့တဲ့ Rani တို့ရဲ့ တော်ဝင်မိသားစုဟာ နန်းတော်ထဲမှာ အေးချမ်းစွာ နေထိုင်ရင်း ရုတ်တရက်ဘုရင်ကြီး နတ်ရွာစံသွားတဲ့အခါ ကုမ္ပဏီရဲ့ သဘောထားဟာပြောင်းလဲသွားခဲ့ပါတယ်
ကုမ္ပဏီကတင်သွင်းတဲ့ ယမ်းတောင့်တွေဟာ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးယူဆချက်တွေနဲ့ မကိုက်ညီခဲ့တဲ့အခါ ဆူပူအုံကြွမှုတွေဖြစ်လာခဲ့ပြီး Rani ဟာ ဖြေရှင်းဖို့ကြိုးစားခဲ့တဲ့အခါ ဗြိတိသျှအင်ပါယာရဲ့ သဘောထားကိုသိရှိပြီး Rani ဟာ တိုက်ခိုက်ဖို့ အသင့်ပြင်ထားရင်း
တကယ့်တိုက်ပွဲဖြစ်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှူရမှာပါ အမျိုးသမီးတစ်ယောက်ပေမယ့် ရဲစွမ်းသတ္တိရှိတဲ့ Rani ရဲ့ ချီးကျူးစရာစိတ်ဓာတ်နဲ့ တိုက်ရည်ခိုက်ရည်တွေကို ရင်သပ်ရှုမောဖွယ်ရာတွေ့ရှိ ရမှာမို့ ကြည့်ရှုလိုက်ကြပါဦးနော်

0 comments:

Post a Comment