First Kiss (2012)

Rating : 6.5/10
Country : Thai
Genre : Comedy, Romance
Cast : Takrit Hemannopjit, Kaneungnich Jaksamithanon, Tin Chokamolkit
Released Date : 2012
Duration : 1h 46min

ရုံးဝန်ထမ်းမိန်းကလေးတစ်ယောက်နဲ့ဆယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့
ဆူဆူပွက်ပွက်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
+=+=+=+=+

"ချနစ်ဇာ" ဆိုတဲ့ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်ဟာ ဘယ်သောအခါမှ ယောက်ျားတစ်ယောက်ကို
ချစ်ဖို့ဆိုတာလွယ်လွယ်ကူကူဆုံးဖြတ်ချက်မချနိုင်တဲ့သူတစ်ယောက်ပါ။ အဲ့လို ချစ်ဖို့တွေဝေနေရတာကလည်း
အကြောင်းတော့ရှိပါတယ်။ 

အဲ့တာကတော့ သူအလယ်တန်းမှအထက်တန်းကျောင်းသူဖြစ်တဲ့ထိ သူ့မှာ တစ်ဖက်သတ်
ချစ်ရတဲ့ "ဖိအွမ်" ဆိုတဲ့ စီနီယာအကိုကြီးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ဒါပေမယ့် သူ့ကြိတ်ပြီးချစ်ရတဲ့ စီနီယာအကိုကြီးက
"ဖိဖဲမ်း" ဆိုတဲ့စီနီယာအမကြီးနဲ့ ချစ်သူရည်းစားဖြစ်သွားတော့ သူဖွင့်ပြောဖို့ အချိန်မမှီဘူးဖြစ်သွားခဲ့ရတာပေါ့။
အဲ့ကတည်းကစပြီး သူမ "ဖိအွမ်" ကိုမမေ့နိုင်တာခုထိဖြစ်နေတာပဲဆိုပါတော့...

တစ်နေ့မှာ ကံကြမ္မာကပဲ မျက်နှာသာပေးလို့များလား "ဖိအွမ်" နဲ့ပြန်လည်ဆုံတွေ့ရချိန်မှာ -
"ဖိအွမ်" က "ဇာ" နဲ့ပြန်တွေ့ရလို့ အရမ်းဝမ်းသာတာပဲလို့ပြောလိုက်တဲ့ချိန်မှာ...
"ချနစ်ဇာ" တစ်ယောက် အတွေးကမ္ဘာထဲအပျော်လွန်ပြီးနစ်မြောသွားကာ...
ငါ့ရဲ့ ပထမဆုံးအချစ်ပြန်လာပြီ ပထဆုံးအနမ်းငါပြန်ရတော့မှာပဲဆိုတဲ့အတွေးနဲ့ဖြစ်နေစဉ်မှာပဲ...
မိမိစီးနေတဲ့လိုင်းကားဘေးမှာ အခြားသောကားတစ်စီးက အက်စီးဒန့်ကြောင့် "ဇာ" တစ်ယောက်
လှမ်းကြည့်လိုက်ပြီး မျက်နှာပြန်အလှည့် ဆယ်တန်းကျောင်းသားတစ်ယောက်နဲ့နှုတ်ခမ်းချင်းတေ့မိသွားတော့
အဲ့မှာတင် ပထမဆုံးအနမ်းဆိုတာ စီနီယာကိုကြီးနဲ့မဟုတ်ပဲ ဆယ်တန်းကျောင်းသားက အနမ်းဦးစွာချွေသွားသလိုဖြစ်
သွားပါတော့တယ်။

ဒါကတော့ ဆယ်တန်းကျောင်းသားတစ်ယောက်က အသက် ၂၆ နှစ်အရွယ်ရုံးဝန်ထမ်းမမဘဝထဲကိုခြေစုံပစ်ပြီးဝင်လာတဲ့
ပထမခြေလှမ်းအစဖြစ်စေတော့တာပေါ့...

ဒါပေမယ့် ဆယ်တန်းကျောင်းသားလေးက မမဇာ ဘဝထဲကို ဒီအတိုင်းဝင်လာတာတော့မဟုတ်ပဲ 
စီနီယာအကိုကြီးမှာရည်းစားရှိနေသေးကြောင်းဆိုတဲ့သတင်းဆိုးပါသယ်ယူလာခဲ့တာကြောင့်
မမဇာ နဲ့ ဆယ်တန်းကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းဟာ ဒီတိုင်းနဲ့ပြီးဆုံးသွားမှာလား ဒါမှမဟုတ်
ဖလန်းဖလန်းကိုထနေမလားဆိုတာကိုတော့.

0 comments:

Post a Comment