16 Episodes
Rating : 7.6/10
Country : South Korean
Genre : Friendship,Comedy,Romance,Life,Drama
Cast : Nam Goong Min,Hwang Jung Eum,Choi Tae Joon
ဟာသကားလေးနဲ့မိတ်ဆက်ပေးပါရစေ
ဒီကားမထွက်ခင် First Teaserထွက်ကထဲက
အသေခွီရလို့ မျှော်ရတဲ့ကားထဲမှာတကားအပါအဝင်ပါပဲ
မင်းသားအနေနဲ့ကတော့
ကျနော်တို့အားလုံးသိပြီးသားဖြစ်မှာပါ
The Girl Who Sees Smells,
Remember(war of son),Beautiful Gong Shim,Good Manager,
Falsifyတို့နဲ့လူသိများတဲ့ Namgung Minပါ
မင်းသမီးကတော့ ရမ္မက်မီး (Giant),
Can You Hear My Heart,Golden Time,
Full House 2,Incarnation of
Money,Secret Love,Kill Me Heal Me,
She Was Pretty,Lucky Romanceတို့နဲ့
ပရိတ်သတ်အားပေးခြင်းခံရတဲ့
ကျနော်တို့နဲ့အသဲကျော်Hwang Jung-Eumပါ
ဒါ့အပြင် Missing Nine,
Suspicious Partner,Existတို့နဲ့
နာမည်ရလာတဲ့မင်းသားChoi Tae-Joon လည်း
ပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဉ်း
အချစ်ဦးကပစ်ထားခဲ့လို့ ယောကျာ်းတွေကိုစိတ်နာ
ငယ်ငယ်ကတည်းက ကြိုးစားလုပ်ခဲ့တဲ့ရေကူးကိုပါစွန့်လွှတ်ပြီး
အလုပ်ပေါင်းစုံ လုပ်ပေမယ့် ရှက်ပျာပျာ နမော်နမဲ့နိုင်မှုကြောင့်
ထွက်ခဲ့ရပြီး အောင်သွယ်တော်ကုမ္မဏ္ဏီတစ်ခုမှာလုပ်နေပေမယ့်
အမြဲတမ်းဆူခံနေရတဲ့သူလေး ယူဂျောင်အွန်း
သြဇာ ညောင်းတဲ့အမေ ပွေရှုက်တတ်တဲ့အဖေ
အမွှာကလေးနှစ်ယောက်ရှိတဲ့အကို ကြောင့်
အိမ်ထောင်ရေးကို စိတ်မဝင်စား အေးအေးဆေးဆေး
စာလေးရေးပြီးနေတတ်တဲ့ပြတိုက် ပိုင်ရှင်သူဌေးလေး ဂန်ဟွန်းနမ်
ငယ်ငယ်ကတည်းက ယူဂျောင်အွန်းရဲ့သူငယ်ချင်း
အိမ်နီးနားချင်းကောင်လေး ဂျောင်အွန်းစိတ်ကိုအမြဲနားလည်ပေးပြီး
ဘာမဆို အနစ်နာခံပေးတဲ့ဆရာဝန်လေး ချွဲဂျွန်ဆူ
ပေါ့တောတောနဲ့ပြာကလစိန်စွာတေးမလေးယူဂျောင်အွန်း နဲ့
ခပ်အေးအေးနေတတ်တဲ့သူဌေးဟွန်းနမ်တို့
မတော်တဆဆုံတွေ့ရာကဘာတွေဖြစ်လာမလဲဆိုတာတော့
#မင်းသမီးရဲ့အလွဲလေးတွေကြောင့်တော်တော်လေး
ခွီရတာကြောင့် ကြည့်ကြည့်ပါလို့ #
0 comments:
Post a Comment