The Time I've Love You (2015)

16 Episodes

Rating  : 7.5/10
Country : South Korean
Genre : Friendship,Comedy,Romance,School
Cast : Ha Ji Won,Lee Jin Wook,Yoon Gyun Sang

 တောင်ကိုးရီးယား SBS ရုပ်သံလိုင်းမှာ ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ The Time I've Love You လို့အမည်ရတဲ့ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲလေးမှာ အပိုင်း ၁၆ ပိုင်း ပါဝင်ပြီးတော့
အထက်တန်းကျောင်းသားဘဝကို အခြေခံထားတဲ့ ဟာသ အချစ်ဇာတ်အမြူးဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းက
╦╦╦╦╦╦╦╦╦╦╦╦

"အိုဟာနာ" လို့ခေါ်တဲ့ထက်မြက်တဲ့ အထက်တန်းကျောင်းသူလေးနဲ့ "ချွဲဝန်" လို့အမည်ရတဲ့ အထက်တန်းကျောင်းသားတို့ဟာ အသက် ၁၇ နှစ်အရွယ်မှာစပြီး ခင်မင်ရင်းနီးခဲ့ကြပါတယ်။

ချွဲဝန်က အိုဟာနာကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူးလို့ ပြောထားဖူးခဲ့တယ်
အဲ့လိုနဲ့ အသက် ၃၄ နှစ်အရွယ်ရောက်သည့်တိုင်အောင် သူငယ်ချင်းကောင်းတွေအဖြစ် တစ်ယောက်နားမှာတစ်ယောက်အမြဲရပ်တည်ပေးခဲ့တာပေါ့
အပျိုကြီးအိုဟာနာရဲ့ ရည်းစားက မိန်းမငယ်လေးနဲ့ လက်ထပ်သွားလေရော အဲ့ဒီ့တော့ အိုဟာနာက သူအသည်းကွဲရတာ ချွဲဝန်ကြောင့်လို့ အပြစ်ဖွဲ့တော့တာပေါ့

၁၇ နှစ်တာ သူငယ်ချင်းဖြစ်ခဲ့တဲ့ ချွဲဝန်နဲ့အိုဟာနာကြား ဘာလို့ အဆင့်မတက်ခဲ့တာလဲ?
ချွဲဝန်ကရော အိုဟာနာကို ချစ်လာစရာအကြောင်းမရှိဘူးလို့ ဘာကြောင့်များ ပြောထွက်ခဲ့တာလဲ? ဒီကြားထဲမှာ ဘယ်လိုအဖြစ်အပျက်တွေရှိခဲ့မလဲဆိုတာကို ပရိတ်သတ်ကြီးရော စိတ်ဝင်စားမိတယ်ဆိုရင်တော့
"အချစ်ပန်းလေးများဖူးပွင့်ချိန်" ဇာတ်လမ်းတွဲလေးကို စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ပါရစေနော်...

Main Casts
*************
အိုဟာနာ အဖြစ် Ha Ji Won
ချွဲဝန် အဖြစ် Lee Jin Wook
ချာစောဟူ အဖြစ် Yoon Kyun Sang
လီဆိုအွန်း အဖြစ် Choo Soo Hyun

0 comments:

Post a Comment