Rating : 7.3/10
Country : Korea
Genre : Action, Adventure, Drama
Cast : Min-sik Choi, Man-sik Jeong, Seok-won Jeong
Released Date : 2015
Duration : 2h 19min

ရိုက်ကူးတင်ဆက်ပုံ ကောင်းမွန်သလို Visual effect တွေ အရမ်းကို အသက်ပါလှပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ ကျား နဲ့ မုဆိုး တို့ကြားက သံယောဇဉ်တွေ …တိရစ္ဆာန်ပေမယ့် သားသမီးကို ချစ်ခင်တဲ့မိဘမေတ္တာကို ပေါ်လွင်အောင် ရိုက်ပြထားပါတယ်။ရိုက်ကူးတင်ဆက်ပုံကောင်းတာကြောင့် 21st Chunsa Flim Art Award မှာ Technical Award , 36th Korea Gold Award Festival မှာ Grand Prize, Best Director , Special Jury Price တွေရထားသလို 53rd Grand Bell Award ဆုပေးပွဲမှာ High Technology Special Award စတဲ့ဆုပေါင်းများစွာ ဆွတ်ခူးထားပါတယ်။
ဇာတ်လမ်းကတော့ ကိုးရီးယားကို ဂျပန်တွေအုပ်စိုးထားတဲ့ ၁၉၂၅ ခုနှစ်ကို ဇာတ်အိမ်တည်ထားပါတယ်။ဂျီရီဆန်တောင်က နာမည်ကျော် မုဆိုးကြီး ချန်းမန်ဒုတ်….တစ်နေ့ အမဲလိုက်ရင်း ကျားတစ်ကောင်နဲ့ မျက်နှာချင်းဆိုင် ဆုံမိတယ်။သေနတ်နဲ့ချိန်ထားတုန်းမှာပဲ ကျားက ကျားပေါက်ကလေးနှစ်ကောင်ရှိတဲ့ ကျားမကြီးမှန်း သိလိုက်ရတော့ ပစ်ရမှာ နောက်တွန့်နေမိတယ်။ ဒါပေမယ့်လည်း အန္တရာယ်က အရှေ့မှာဆိုတော့ မတတ်သာတဲ့အဆုံး ပစ်သတ်လိုက်ရပါတတယ်။ကျားပေါက်လေးနှစ်ကောင်ကို သနားလို့ မသတ်ဘဲ ဟိုးတောင်ပေါ်က ဂူထဲမှာ သွားထားထားပြီး မုဆိုးကြီးကိုယ်တိုင် ငှက်စတဲ့အကောင်လေးတွေ ရှာဖွေပြီး ဂူရှေ့မှာ သွားချထားပေးပြီး စောင့်ရှောက်ခဲ့တယ်။ကျားပေါက်လေးနှစ်ကောင်ထဲက တစ်ကောင်ကတော့ မျက်စိတစ်ဖက်ကွယ်နေပမယ့် သတ္တိရှိရှိ ဘာကိုမှမကြောက်တဲ့ကျားလေး။ မျက်စိတစ်ဖက်လပ် ကျားကလေးကြီးလာတော့ ဂျီရီဆန်တစ်နယ်လုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ “တောင်ကြီးသခင်” ဆိုုပြီး နာမည်ကျော်နေတဲ့ အရမ်းကိုပါးနပ်တဲ့ ကျားကြီးတစ်ကောင်ဖြစ်လာပါတယ်။ကြမ်းတမ်းရက်စက်တတ်ပေမယ့်ကျေးဇူးတရားကို သိတတ်တဲ့ကျားကြီးပါ။ဒီအချိန်မှာ ဂျပန်စစ်တပ်ကဗိုလ်ချုပ်ကြီးက ကျားတွေဖမ်းဆီးရတာကို အရမ်းဝါသနာပါပါတယ်။သူ့ရည်ရွယ်ချက်က ကိုးရီးယားကျားတွေကို မျိုးပြုတ်အောင်ကို လုပ်ပစ်ချင်တာပါ။ ကိုးရီယားနယ်အနှံ့ ကျားတွေရှားပါးလာပြီဖြစ်ပေမယ့် ဂျီရီဆန်တောင်က နာမည်ကျော်ကျားကြီးကိုတော့ မမိနိုင်သေးပါဘူး။ ဒီကျားကိုဖမ်းမိဖို့ အမျိုးမျိုး အဖုံဖုံကြိုးစားပါတော့တယ်ကျားနဲ့လူ ပြိုင် ဘယ်သူနိုင်မလဲဆိုတာ

0 comments:
Post a Comment