20 Episodes
Rating : 7.7/10
Country : South Korean
Genre : Mystery,Drama,Family,Melodrama
Cast : Choi Ji Woo,Lee Sung Jae,Kim So Hyun,Wang Ji Hye
2013ခုနှစ်မှာပြသခဲ့ပြီးMy Drama list7.7/10နဲ့ Imbd 7.6/10ရရှိခဲ့ပါတယ် ခေးလေးKim So Hyun နဲ့ Are You Human Tooကားထဲက စက်ရုပ်လေးနမ်ရှင်းလဲပါတယ်နော်🤗 ပါဝင်တဲ့မင်းသားမင်းသမီးကလေးသရုပ်ဆောင်တွေကအစ ပရိသတ်နဲ့ရင်းနှီးပြီးသား ဝါရင့်တွေပါ အဓိကမင်းသမီးကတော့ မင်းသမီးကြီးChoi Ji Wooဖြစ်ပြီး မင်းသားကတော့Lee Sung Jaeဖြစ်ပါတယ် ဒီကားလေးမှာတော့ မင်းသား Eun Sang Chul ဟာ ဇနီးဖြစ်သူကိုယ့်ကိုကိုယ်သတ်သေမှုကြောင့်အဖေတစ်ယောက်အနေနဲ့အိမ်အလုပ်တွေမလုပ်နိုင်ဘဲ အရွယ်မရောက်သေးတဲ့ ကလေး၄ယောက်နဲ့ကုမ္ပဏီနဲ့လုံးလည်ချာလည်လိုက်နေတာကြောင့် ကလေးတွေကိုဂရုမစိုက်နိုင်ဘဲ မိသားစုဟာဝါးအစည်းပြေသလိုပြေနေခဲ့ပါတယ် ဒါကြောင့် ကလေးတွေကိုထိန်းနိုင်ပြီးအိမ်အလုပ်လဲကျွမ်းကျင်တဲ့ဘတ်ဘို့ညောကို အလုပ်ခန့်ခဲ့ပါတယ် ဘတ်ဘို့ညောဟာ အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် စကားအပိုမပြော တစ်ယောက်ထဲသီးသန့်နေတတ်တဲ့ပြီးပြုံးရယ်ခြင်းမရှိတဲ့သူမျိုးဖြစ်ပါတယ် အိမ်အလုပ်တွေကိုပိုင်နိုင်ပြီး ထက်မြက်တဲ့ဘတ်ဘို့ညောဟာ အွန်းဆန်းချောရဲ့ကလေးတွေကိုသံယောဇဉ်တွယ်မိပြီး ခြောက်ကပ်နေတဲ့ကလေးတွေရဲ့မိသားစုဘဝကို စည်းလုံးအောင် ပျော်ရွှင်လာအောင်ဘယ်လိုလုပ်ပေးမလဲ? ဘတ်ဘို့ညောမပြုံးရယ်တော့တဲ့အတိတ်ကဖြစ်ရပ်ဆိုတာကရောဘာလဲ? ကလေးတွေရဲ့အမေရင်းသတ်သေမှုကရော သွေးရိုးသားရိုးဖြစ်ရဲ့လား? မင်းသားမင်းသမီးတွေကလဲဝါရင့်သမာရင့်ratingကလဲမြင့်ဇာတ်လမ်းလေးကလဲမိသားစုဇာတ်လမ်းလေးဆိုတော့ အထူးညွှန်းနေစရာကိုမလိုပါဘူးနော်
0 comments:
Post a Comment