The Rundown (2003)

Rating : 6.7/10
Country : United State
Genre :   Action, Adventure, Comedy
Cast :  Dwayne Johnson, Seann William Scott, Christopher Walken 
Released Date : 2016
Duration :  1h 44min

ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးအဖြစ်အသက်မွေးချင်တဲ့ဘက်ခ်ဟာ သူ့သူဌေးအတွက် အကြွေးလိုက်တောင်းပေးရတဲ့ လူမိုက်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် သူက သေနတ်မသုံးသလို မလိုအပ်ပဲထိခိုက်အောင်မလုပ်ပဲစည်းစနစ်ကြီးတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲက ပြန်ခေါ်ပေးနိုင်ရင်
သူလိုချင်တဲ့စားသောက်ဆိုင်ရမှာဖြစ်ပြီး လူမိုက်ဘဝကကျွတ်မှာဖြစ်တဲ့အတွက်ဘက်ခ်က လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှေးဟောင်းရတနာကို လိုက်ရှာနေတဲ့သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲမှာ ဘုရင်တစ်ပါးလို မင်းမူနေတဲ့ဟတ်ချာဆိုတဲ့ရွှေတွင်းပိုင်ရှင်က ပြန်မလွှတ်ချင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ…….သူ့သူဌေးရဲ့သားကရော ရှေးဟောင်းရတနာကို ဟတ်ချာမသိခင် ရှာတွေ့နိုင်မလား…….ဘားဆိုင်ထဲက ကောင်မလေးကရော ဘာတွေလျှို့ဝှက်ထားသလဲဆိုတာကို ဆက်လက်ရှု့စားကြပါ။အက်ရှင်ဇာတ်ကားဆိုပေမယ့် The Rock နဲ့ Seann William Scott တို့ရဲ့သရုပ်ဆောင်မှုတွေက ဟာသရသကိုလည်း တပြိုင်နက်ခံစားရစေမှာပါ။အက်ရှင်ဇာတ်ကားကောင်းနဲ့ The Rock ပရိသတ်တွေအတွက်လက်မလွှတ်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

0 comments:

Post a Comment