The Man Who Knew Infinity (2015)

Rating : 7.2/10
Country : United State
Genre :  Biography, Drama 
Cast :  Dev Patel, Jeremy Irons, Malcolm Sinclair
Released Date : 2015
Duration : 1h 48min 

လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ကာလ တခုသောနွေဦးရာသီမှာ
အင်္ဂလန်မှာရှိတဲ့ Trinity ကောလိပ်မြေပေါ်ကို အိန္ဒိယလူငယ်လေးတယောက်ဟာ
အိပ်မက်တွေတပွေ့တပိုက်နဲ့ မဝံ့မရဲခြေချခဲ့ပါတယ်။

Ramanujan ဆိုတဲ့ ဒီလူငယ်ဟာ အင်္ဂလန်မြေကို ရောက်လာဖို့
သူ့ဘဝတခုလုံး ပုံအောခဲ့ရတာဖြစ်ပါတယ်။
သူဟာ အိန္ဒိယမှာ သာမန်စာရေးအလုပ်ရဖို့ ရုံးပေါင်းစုံမှာ အောက်ကျို့ပြီးအလုပ်လိုက်တောင်းသည့်တိုင်
နေရာကောင်းကောင်း မရပါဘူး။
သူ့မှာ ဘွဲ့ဒီဂရီမရှိလို့ ဖြစ်ပါတယ်။
ဒါပေမယ့် တဖက်မှာ ဝါသနာအရ သချင်္ာပညာကို
လေ့လာလိုက်စားမှုဟာ သူ့ကို ကမ္ဘာသစ်တခုထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။
သူ့ရဲ့လေ့လာတွေ့ရှိချက်များဟာ သူ့အတွက်
အင်္ဂလန်သွားသင်္ဘောလက်မှတ် ဖြစ်စေခဲ့ပါတယ်။

ရာမနုဂျန်တယောက် အင်္ဂလန်မြေကို အရဲစွန့်ရောက်လာချိန်ဟာ
အိန္ဒိယဟာ ဗြိတိသျှကိုလိုနီဖြစ်နေချိန်ပဲ ဖြစ်ပါတယ်။
အင်္ဂလိပ်ပါမောက္ခတွေဟာ နဂိုကမှ ကိန်းခန်းကြီးတဲ့အပြင်
လက်အောက်ခံနိုင်ငံတခုက အောက်ခြေလူတန်းစားသာဖြစ်တာမို့
အသက် ၂၇ နှစ်အရွယ် ဒီလူငယ်ကိုတွေ့ကာစမှာ
သူတို့ သိပ်တော့အထင်မကြီးပါဘူး။

ဒါပေမယ့် သွေးကြီးတဲ့ Cambridge ပါမောက္ခကြီးတွေနဲ့
အိန္ဒိယလူငယ်လေးကို တခုသောအရာက နီးကပ်စေခဲ့ပါတယ်။
အဲဒါကတော့ ပညာဆိုတဲ့အရာပဲ ဖြစ်ပါတယ်။

တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကို
ကြည့်ပြီးချိန်မှာ အတွေးဝင်မိတာရှိပါတယ်။
အဲဒါကေတာ႔
ပညာကိုချစ်မြတ်နိုး တန်ဖိုးထားတတ်ပုံခြင်းတူရင်
လူမျိုးအဆင့်အတန်းကွာခြားမှုတွေ ရှိနေသည့်တိုင် နီးစပ်သွားနိုင်ပြီး
ပညာအပေါ်တန်ဖိုးထားမှုမတူတဲ့အခါ အသိုက်အဝန်းတခုအတွင်း
ရှိနေသည့်တိုင်အောင် ဝေးကွာနေတတ်တယ်ဆိုတာပါပဲ…..

0 comments:

Post a Comment