Careful What You Wish For (2015)

Rating : 5.7/10
Country : United State
Genre : Drama, Thriller 
Cast :  Robin Williams, Marcia Gay Harden, Christopher McDonald 
Released Date : 2015
Duration : 1h 31min 

fifty shades of grey လောက်တော့မကောင်းပေမယ့် ဒီကားလေးလည်း
သူ့ဟာနဲ့သူတော့ကောင်းတာပါပဲ 😀 18+ ပါ မိသားစုနဲ့ကြည့်လို့မသင့်လျော်ပါခင်ဗျာReview :ဒေါ့ခ်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ အိမ်ချင်းကပ်လျက်က ခြံကို လင်မယားနှစ်ယောက် ပြောင်းလာတယ်။ ယောက်ျားဖြစ်သူက ဘဏ်သူဌေးတစ်ယောက်ဖြစ်ပြီး မိန်းမကငယ်ငယ်ချောချောပါ။ ဒါပေမဲ့ တခြားအမျိုးသားတွေကို စိတ်ဝင်စားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် အဲဒီအိမ်ကိုရောက်ပြီးပြီးချင်း တစ်ဖက်ခြံကဒေါ့ခ်ကို ရင်းနှီးမှုရဖို့ ကြိုးစားတယ်။ စိတ်ကစားတတ်တဲ့ ဒေါ့ခ်အနေနဲ့ အမျိုးသမီးရဲ့ ဖြားယောင်းမှုအောက်ကို အချိန်တိုတိုအတွင်းမှာပဲ ပါသွားခဲ့တယ်။ဒီအမျိုးသမီး လီနာက သူ့ယောက်ျားက ဘယ်လိုဂရုမစိုက်တာ၊ နှိပ်စက်တတ်တာတွေကို ဒေါ့ခ်ကိုပြောပြပြီး ဒေါ့ခ်ရဲ့မေတ္တာကို ရအောင်ယူတယ်။ သူတို့နှစ်ယောက်ဟာ လစ်ရင်လစ်သလို အတူတူနေကြတယ်။ မနူးမနပ်အ ရွယ်ဒေါ့ခ်က လီနာအပေါ်မှာ တော်တော်လေး စွဲလမ်းသွားမိတယ်။ ဒါပေမဲ့ သူကြိုက်နေတဲ့ အမျိုးသမီးက အိမ်ထောင်သည်တစ် ယောက် ဖြစ်နေတာကြောင့် သူ့ဇာတ်လမ်းကို သူငယ်ချင်းအရင်းကိုတောင် ပြောပြတာမျိုးမလုပ်ခဲ့ဘူး။ ဒေ့ါခ်ရဲ့မိဘတွေကလည်း ဒီအဖြစ်အပျက်ကို မရိပ်မိဘူး။တစ်ရက်မှာတော့ လီနာက သူ့ကိုအရေးတကြီးအကူအညီ တစ်ခုတောင်းတယ်။ သူ့ယောက်ျားဖြစ်သူနဲ့ ရန်ဖြစ်ရင်းက သူသတ်မိခဲ့ကြောင်းနဲ့ ဒီအလောင်းကို ဖျောက်ပေးဖို့ဆိုပြီး ဒေ့ါခ်ကို ပြောတယ်။ ဒေ့ါခ်အနေနဲ့ကလည်း မွှန်နေတဲ့အချိန်ဖြစ်တာကြောင့် သူ့ယောက်ျားကို သူ့ဟာသူလှေစီးရင်း သေသွားတဲ့ပုံစံဖြစ်အောင်လုပ်ပြီး ဖျောက်ဖျက်ပစ်လိုက်တယ်။ သူတို့ အထင်ကတော့ ဒီကိစ္စကတော့ သာမန်လူသေမှုတစ်ခုအဖြစ်နဲ့သာ ပြီးဆုံးသွားမယ်လို့တွက်ခဲ့ကြတယ်။
ဒါပေမဲ့ လီနာ့ယောက်ျားရဲ့ သေဆုံးမှုက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ သူဌေးကြီး တစ် ယောက်ရဲ့သေဆုံးမှုနောက်မှာသူ ပိုင်ဆိုင်တဲ့ငွေကြေးတွေနဲ့ သန်းနဲ့ ချီတဲ့ အသက်အာမခံကြေးကိစ္စ တွေရှိနေသေးတာကြောင့်ဒေသ တွင်းရဲတပ်ဖွဲ့တွေအပြင် အာမခံ ကုမ္ပဏီကစေလွှတ်တဲ့ စုံစမ်းစစ် ဆေးသူတွေပါ ရောက်လာတဲ့အ ချိန်မှာတော့ ဒီအမှုကို အသေး စိတ်စုံစမ်းမှုတွေ ပြုလုပ်ပါတော့ တယ်။ တကယ်တော့ ဒီလူသတ် မှုကို အကွက်ကျကျစီစဉ်ပြီး လူ ငယ်လေးဒေ့ါခ်ကို ဆွဲသွင်းတဲ့သူ က တခြားသူတော့မဟုတ်ပါဘူး။ ဒေ့ါခ်ကြိုက်နေတဲ့ အမျိုးသမီးလီ နာကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒီအ
asafdရှုပ်တွေထဲက ဒေါ့ခ်တစ်ယောက် ပြန်ပြီးရုန်းထွက်နိုင်၊ မထွက်နိုင်ဖို့ ဆိုတာတော့ …။

0 comments:

Post a Comment