The Magnificent Seven (2016)

Rating : 6.9/10
Country : United State
Genre : Action, Adventure, Western 
Cast : Denzel Washington, Chris Pratt, Ethan Hawke 
Released Date : 1998
Duration :  2h 12min

ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။ Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။ အကျီင်္လေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မြို့ငယ်လေးကို အင်အားသုံးပြီး နှင်ထုတ်မယ့် လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကို လူ ၇ ယောက်ထဲက မြို့ကလူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။ ၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ အရည်အချင်းတွေနဲ့ ထူးခြားမှုတွေကို ပေါင်းစပ်ပြသွားရင်း မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသက်စွန့်တိုက်ကြတဲ့ သူရဲကောင်းတွေအကြောင်း ပြထားတာပါ။ ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ ဘာသာပြန်သူတောင် ၂ ခါပြန်ကြည့်မိတယ် နဂို ကောင်းဘွိုင်အသေကြိုက်တဲ့အခံလည်းပါတာပေါ့ဗျာ။

0 comments:

Post a Comment