20 Episodes
Rating : 8.4/10
Country : South Korean
Genre : Military,Comedy,Romance,Drama,Melodrama,Political
Cast : Ha Ji Won,Lee Seung Gi,Jo Jung Suk,Yoon Je Moon,Lee Yoon Ji
ဒီဇာတ်လမ်းတွဲလေးကို၂၀၁၂မှာMBCရုပ်သံလိုင်းကလွှင့်ခဲ့တာဖြစ်ပြီးIMDb8/10ရထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့……
ဘုရင်လုံးဝမဖြစ်ချင်၊ ကိုယ့်အတွက်ကိုယ်သာသိတတ်၊ ဖြတ်ထိုးဉာဏ်လည်းအင်မတန်ကောင်းတဲ့ တောင်ကိုရီးယားနိုင်ငံရဲ ့အိမ်ရှေ့စံမင်းသား လီဂျယ်ဟာ (ယူတို့ရဲ့အိုဂုံလေး/Lee Seung-Gi) နဲ ့
မြောက်ကိုရီးယားနိုင်ငံ အထူးတပ်ဖွဲ့
စစ်ရေးပြနည်းပြဖြစ်ဖူးသူ၊လက်ရှိမှာလည်း တပ်ထဲမှာ စစ်ရေးပြသင်တန်းမှူးဖြစ်ပြီးတိုက်ရေးခိုက်ရေးအင်မတန်ကျွမ်းကျင်လှတဲ့ ရဲဘော် ကင်ဟန်းအာ(Ha Ji-Won – Hospital Shipထဲကမင်းသမီး) တို ့ဟာ
တောင်-မြောက်တစ်သင်းတည်းပေါင်းပြီး WOC (World Officers Contest)မှာပါဝင်ဆင်နွှဲဖို့
အတူလေ့ကျင့်ရေးဆင်းရင်းမတည့်အတူနေရဲဘော်ရဲဘက်အဖြစ်ကနေ ကြင်ရာဖက်တွေဖြစ်လာဖို့ ့အကြောင်းဖန်လာသောအခါ……………
ဉာဏ်နီဉာဏ်နက်အင်မတန်များတဲ့ ငပျင်းမင်းသားလေးကို WOC အတွက်လေ့ကျင့်ရေးမှာ
အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ကင်ဟန်းအာက ဘယ်လိုတွေလေ့ကျင့်ခိုင်းမလဲ …
ရန်ဖြစ်ရင်း တစ်ယောက်စိတ်ထဲ တစ်ယောက်ဘယ်လိုတွေ ရောက်ရှိကုန်ကြမလဲ အပြင်
လက်ထပ်ရမဲ့ကြင်ရာဖက်တွေဖြစ်လာတဲ့အခါ ဘယ်လိုအခက်ခဲတွေ ရင်ဆိုင်ရမလဲ…..
ငြိမ်းချမ်းရေးကိုဖော်ဆောင်မဲ့ တောင်-မြောက်နှစ်သင်းပေါင်းပြီး WOC မှာဆင်နွှွဲဖို ့လည်း သာယာဖြောင့်ဖြူးနိုင်ပါ့မလား ….
အထူးသဖြင့် လူမျိုးတူ နိုင်ငံတူဖြစ်ပြီး နှစ်ခြမ်းကွဲနေတဲ့အတွက် ဘယ်လိုအယူဝါဒတွေ ၊ ခံယူချက်တွေ ကွဲပြားနေမလဲ၊ တစ်ဦးနဲ့တစ်ဦးရော ယုုံကြည်မှု ထားနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါနော်....
ပုံမှန်ဇာတ်ကားတွေမှာလို Hero ကမင်းသားမဟုတ်ဘဲ မင်းသမီး ဖြစ်နေတဲ့အတွက် အမြင်တစ်မျိုးဆန်းသစ်စေမှာပါ…..
ဒါ့အပြင် ယူတို့အိုဂုံလေးရဲ့လက်မြန်ခြေမြန်ရှိမှုတွေ မင်းသမီးကိုဆိုဘယ်လိုတွေနှိမ်ရင်းသဝန်တိုမလဲဆိုတာ ဘာသာပြန်ရင်းနဲ့တောင် ရင်တွေတလှပ်လှပ်တုန်ရတယ်လို ့ပြောရင်ယုံလိုက်ကြပါ……
အချစ်၊ အလွမ်း၊ဟာသ ၊ အက်ရှင် အစုံပါတဲ့ဇာတ်လမ်းလေးမို့ ကြည့်ရှုသူတွေကို ရသပေါင်းစုံခံစားရစေမှာပါ။
တစ်ခြား နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာကလည်း ဇာတ်ရုပ်နဲ့အံဝင်ဂွင်ကျ နွားကွဲရင် ကျားဆွဲတတ်တဲ့ လောကနိယာမတွေ ၊ အကျိုးမြတ်အတွက်ဆို ဘယ်သူ့ကိုမဆို စတေးပစ်မဲ့စရိုက်တွေ ၊ ခေါင်းဆောင်ကောင်းတို့ရဲ့ စိတ်ထား ၊
ကိုယ့်အလုပ်အပေါ် သစ္စာရှိမှု အစရှိတာတွေကို ပေါ်လွင်အောင်သရုပ်ဆောင်ထားကြတာမို့ကြည့်ရှုသူတွေကို သင်ခန်းစာလည်းရစေနိုင်တဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်..
ကြည့်ရှုအားပေးကြပါအုံးနော်..
***P.S ဒီကားရဲ ့Srt File မှာကိုက စာကြောင်းတွေက ကဂျိုးကဂျောင်ဖြစ်နေပြီး ပါပြီးသားတွေထပ်တလဲလဲပါတာမျိုး၊ တချို့ပြောတာတွေကျ မပါတာမျိုးတွေဖြစ်နေတဲ့အတွက် အချိန်ကိုကြည့်ပြီး ပြောသမျှနားထောင်ပြီးကြိုးစားပြန်ထားပေးတာမို ့အမှားယွင်းပါခဲ့ရင် နားလည်ပေးကြစေချင်ပါတယ်။ **English လိုပြောတာတွေကတော့ srt file မှာကိုက စာကြောင်းမပါတာပါ. တမင်ထည့်မပြန်ထားတာမျိုးမဟုတ်ပါဘူးနော်……..
0 comments:
Post a Comment