The Intern (2015)

Rating : 7.1/10
Country : United State
Genre :  Comedy, Drama
Cast :   John Krasinski, Pablo Schreiber, James Badge Dale
Released Date : 2015
Duration :  2h 1min 

IMDB 7.4 အထိတောင်ရရှိထားတဲ့ စစ်အက်ရှင်ဇာတ်ကားဟာ 2h: 24mins ကြာမြင့်ပါတယ်။ဒီဇာတ်ကားဟာTransformers ဇာတ်ကားတွေရဲ့ ဖန်တီးရှင် Michael Bay ရဲ့ လက်ရာပါ။တကယ့်အဖြစ်အပျက်ကို ရိုက်ကူး ထားတာဖြစ်ပါတယ်…လစ်ဗျားနိုင်ငံဘန်ဂါဇီ မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝင်ရုံးကို  အမေရိကန်သံအမတ်တစ်ဦးရောက်ရှိချိန်မှာ
2012 ခုနှစ်ကအစ္စလာမ်းစစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန် လုံခြုံရေးတပ်ဖွဲ့ က အစ္စလာမ်းမစ် စစ်သွေးကြွတွေကို ပြန်လည်ပုံမှန် အားဖြင့် ကျနော် က ရုပ်ရှင် ကြည့်ရင် drama, comedy တယ် ကြည့်လေ့ မရှိဘူး။(ပျင်းတာကိုး။ 😛 )
ဒါပေမယ့် ဒီနှစ်ပိုင်း ထဲ မှာ drama တွေ ဘက်ကို စိတ်ရောက်တယ်။အချစ်ကား တွေ ထက် လူတွေရဲ့ ကြိုးစား အားထုတ်မှု တွေ ကို ထုတ်ပြတဲ့ ဇာတ်လမ်းတွေကို သဘောကျနေတော့တာကိုး။
ဒီ The Intern ဆိုတဲ့ ဇာတ်လမ်း လေးကို ကြည့်မိတာကလဲ အဲ့လို က စ တာပဲ။သူ့ ဇာတ်လမ်း အကျဉ်း က တော့…..Ben Whitaker ဆိုတဲ့ အသက် ၇၀ အရွယ် မုဆိုးဖို တစ်ဦးဟာ သူ့ ကျန်တဲ့ ဘဝ မှာ ဘာလုပ်ရမှန်း မသိဘဲ ယောင်ချာချာ ဖြစ်နေတုန်း…About The Fit ဆိုတဲ့ online shopping company ကနေ လုပ်တဲ့ senior intern program မှာ သွားပြီး အလုပ်လျှောက်ခဲ့တယ်။အဲ့ဒီမှာ အရမ်း ကြိုးစား အရမ်း အလုပ်ပေါ်မှာ စေတနာ ထားပြီး မိသားစု နဲ့ အလှမ်းကွာလို့ အလုပ်မှ အလုပ် ဖြစ်နေတဲ့ သူဌေးမ Jules Austin နဲ့ တွေ့မိကြပြီး အလုပ် တူတူ တွဲလုပ် အကူအညီ ပေးကြလေသတည်းပေါ့လေ။
ဒီ ဇာတ်လမ်း ကို genre ခွဲတော့ comedy ထဲ ထည့်ထားတယ်။ဒါပေမယ့် ကြည့်ပြီး သွားတော့ မရယ် မိ တဲ့ အပြင် ခေါင်းထဲ တွေးစရာ တွေ တစ်ပုံကြီး ဝင်လာတယ်ရယ်။မုဆိုးဖို Ben ဟာ အသက် ၇၀ ရှိပြီ။သူ အရင် က တယ်လီဖုန်း လမ်းညွှန် စာအုပ်တွေ ထုတ်တဲ့ ဆီမှာ အနှစ် လေးဆယ် လောက် အလုပ် လုပ် ခဲ့တယ်။အငြိမ်းစား ယူတော့ သူ့ရာထူး က Vice President။သူ အနားယူပြီးတော့ သူ့မှာ ဘာမှ ပူပင်စရာ မရှိဘူး။ငွေကြေး အရလဲ ပြည့်စုံတယ်။သူ့သား မိသားစု က လဲ သူ့ကို လိုလားတယ်။ကျန်းမာရေးလဲ ကောင်းတယ်။သူငယ်ချင်း တွေလဲ ရှိတယ်။သူ့ကိုကြိုက်နေတဲ့ အဖွားကြီး တောင် ရှိလိုက်သေး။ဒါပေမယ့် သူ့စိတ်ထဲမှာ တစ်ခုခု လိုနေသလိုပဲ။ဘာမှ လုပ်စရာ မရှိဘူး ဖြစ်နေတာ။အဲဒီ အချိန်မှာ ဒီ senior internship program ကို သူ သွားတွေ့တယ်။သူ အလုပ်လျှောက်လိုက်တယ်။ဘာလို့လဲ ဆိုတော့ ဘာမှ မလုပ်ဘဲ နေနေရတဲ့ ဘဝကြီးကို သူ ငြီးငွေ့ လို့။အလုပ်ပြန်လုပ်ရတော့မယ် ဆိုတော့ သူ ပျော်သွားတယ်။စဉ်းစားမိတာကတော့ ဒီ senior internship လို အစီအစဉ်လေးတွေ များများ ရှိရင် ကောင်းမယ်လို့။သိပ်ပြီး မပင်ပန်း တဲ့ အလုပ်မျိုးပေါ့။Physical ထက် intellectual အလုပ်မျိုး တွေ။ဒီ ပင်စင်စားကြီးတွေမှာ အနှစ် ၃၀ ၄၀ လောက် ရှိတဲ့ အတွေ့အကြုံတွေ ရှိနေတယ်လေ။လုပ်ငန်း အတွေ့အကြုံ ကို ပြောတာ မဟုတ်ဘူးနော်။ ဘဝ အတွေ့အကြံု တွေ။ဘယ်လို ကိစ္စ ကို ဘယ်လို ဖြေရှင်းရမယ်။ ဘယ်လို ပြဿနာ ကို ဘယ်လို ကိုင်တွယ် ရမယ် ဆိုတာမျိုးက သူတို့တွေမှာ အထွေအထူး စဉ်းစားနေစရာ မလိုတော့ဘူး။ပင်စင်စား တွေ ဘက်က ကြည့်တော့လဲကိုယ် အနှစ် ၃၀ ၄၀ လောက် အလုပ် လုပ် လာပြီးမှ နောက်နေ့ ရုံး ကို လာစရာ မလိုတော့ဘူး ဆိုရင် ဘယ်လို နေမလဲ။ကိုယ်တွေ ဆီမှာကတော့ စိတ်ပုတီး နဲ့ ရိပ်ကြီး ခို ကြတာပဲ။ ဒါကလဲ အမြဲတမ်း လုပ်နိုင်သလား လူတိုင်း လုပ်နိုင်သလား ဆိုတော့ မလွယ်ပေဘူး။အဲတော့ ဘာဖြစ်သလဲ သားတွေ သမီးတွေ ဆီ သွားနေ။ မြေးထိန်း အိမ်မှုကိစ္စ တွေ ဝိုင်းလုပ်။ အိမ်ဖော်တွေ နဲ့ ရန်ဖြစ်။ အတင်းတုပ်။ ဒါတောင် အဖွားကြီး ဆိုတော့ လုပ်လို့ ကောင်းသေးတယ်။အဖိုးကြီးတွေ ဆို ဘယ်လို လုပ်ရပါ့။ း)သူတို့ ဘော်ဒါတွေနဲ့ အာရိုက် လမ်းလျှောက် ဒါပဲ လုပ်ရတော့မှာ။ဒီလိုကြီး နေသွားရမှာထက် စာရင် အလုပ်လေးတစ်ခုခု ကို ပေါ့ပေါ့ပါးပါးလေး လုပ်ပြီး ကိုယ့် ကို ကိုယ် occupied ဖြစ်နေတာက ပိုကောင်းသလားပဲ။ကိုယ်နဲ့ ကိုက်ညီ တဲ့ အလုပ် ကိုယ် လုပ်နိုင်တဲ့ အလုပ်မျိုးလဲ ဖြစ်ရမပေါ့။ (များသောအားဖြင့် intern program ဆိုတာတွေကတော့ လိုအပ်ချက် တွေ သိပ်မရှိပါဘူး)Jules ဘက်ကနေ တော့ သိပ်ပြီး ပြောစရာ မရှိပါဘူးအမျိုးသမီး စွမ်းဆောင်ရှင် ဆိုပါတော့။အလုပ်အရမ်း လုပ်ပြီး မိသားစု ကို အချိန်သိပ်မပေးနိုင်တဲ့ ဇာတ်ကောင် တစ်ကောင်ပေါ့လေ။ဒါပေမယ့် သူ့ရဲ့ အလုပ်ပေါ်မှာ စေတနာ ထားတာတွေကိုတော့ လေးစားမိပါတယ်။ဒီဇာတ်လမ်းထဲက အထူးးခြားဆုံး လို့ ယူဆ မိတဲ့ ဇာတ်ကောင် ကို ပြောပါဆိုရင်တော့Jules ရဲ့ အမျိုးသား Matt ကို ပြောရမှာပဲ။သူက stay-at-home dad။ ဘာအလုပ်မှ မလုပ်ဘူး အိမ်မှာပဲ အိမ်မှုကိစ္စ လုပ် ကလေးထိန်း လုပ်တယ်။ကိုယ်စွမ်းကိုယ်စ မရှိလို့ မဟုတ်ဘူးနော်။သူ့ မိန်းမ ရဲ့ အလုပ်ကို support လုပ်တဲ့ အနေနဲ့ သူက လက်ရှိ အလုပ်ကနေ ထွက်ပြီး အိမ်မှာပဲ နေနေပေးတာ။ဆိုတော့…ဇာတ်ပေါင်းသော် ဒီကား ကို အချိန်ရမယ် ဆိုရင် ကြည့်ကြည့်ကြပါလို့။ဟဲဗီး ဒရာမာ လဲ မဟုတ်ငိုစရာတွေ ရယ်စရာတွေလဲ အရမ်းကြီး မပါ။ဒါပေမယ့် ကြည့်ပြီးရင်တော့ တွေးစရာတွေ အများကြီး ရသွားမှာပါ။
IMDB rating ကတော့ (7.2/10) တောင် ရထားတာ။(ရုပ်ရှင်အညွှန်းကို mandalaygazette.com မှဂ်က္စပဲရိုး ရေးသားထားသောအညွှန်းကို ကူးယူဖော်ပြပါသည်။)File size…(900MB) 

0 comments:

Post a Comment