The Good Witch (2018)

20 Episodes

Rating : 8.0/10
Country : South Korean
Genre : Comedy,Romance,Drama,Family,Melodrama
Cast : Lee Da Hae,Ryu Soo Young,Ahn Woo Yeon,Bae Soo Bin

ဒီကားမှာ Lee Da Haeက Sun Hee နဲ့ Do Hee character နှစ်ခုကို သရုပ်ဆောင်ထားပါတယ်
Sun Hee ဟာ အစ်မကြီးဖြစ်ပီး ရိုးအ၍ သနားကြင်နာတတ်ပါတယ် သူ့အဖေ ဆုံးသွားပီးနောက် အမေကို ကူညီရင်း စီးပွားရှာခဲ့ရပါတယ် သူမဟာ ပညာရေးမှာ Do Hee ထက်ပိုတော်ခဲ့ပေမယ့် မ
တတ်နိုင်တာကြောင့် ညီမငယ် Do Heeကို ဦးစားပေးကာ
သူမကပဲ ထောက်ပံ့ပေးခဲ့ပါတယ်
Do Hee ကတော့ ထက်မြက်ပီး ပါးနပ်ကာ
အတ္တကြီးတဲ့ မိန်းကလေးတစ်ယောက်ပါ
သူမ လိုချင်တာကို ရဖို့ဆို သူတပါးကို
စတေးရလည်း ဝန်မလေးတဲ့သူပါ
သူမဟာ လေယာဉ်မယ်တစ်ယောက် ဖြစ်ချိန်မှာ
အိမ်ကနေ ထွက်လာခဲ့ပါတယ်
သူမဟာ လေကြောင်းလိုင်းရဲ့ စံပြလေယာဉ်မယ်ပါ
Sun Heeကတော့ သာမန်အလုပ်လက်မဲ့ဖြစ်တဲ့
Bong Cheon Dae ( Bae Soo Bin)နဲ့ လက်ထပ်ခဲ့ပါတယ် ၇နှစ်အရွယ် သမီးတစ်ယောက်နှင့် အိမ်ထောင်မှုနိုင်နင်းတဲ့
ဇနီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်
Sun Heeဟာ သူတပါးဆီက ကူညီပါ ဆိုတဲ့ စကားကို
ကြားရရင် မကူညီပဲ မနေနိုင်သူပါ
တစ်နေ့ သူ့ညီမ Do Heeစီမှ ကူညီပါဆိုတဲ့
တောင်းဆိုမှု ရောက်လာတဲ့အခါ
သူမဟာ Do Heeနေရာကို ဝင်ပေးဖို့ ဖြစ်လာခဲ့ပါတယ်…

ဒီကားထဲမှာ Lee Da Haeရဲ့ ကြင်နာတတ်သူပုံစံ အတ္တကြီးသူပုံစံနဲ့ ဝါရင့်သဘာရင့် မတူညီတဲ့ သရုပ်ဆောင်ချက်တွေကို တွေ့ရမှာပါ
ဇာတ်ကားလေးက ရသမျိုးစုံတစ်ပြိုင်နက် ခံစားရမှာပါ
ဆက်လက်ကြည့်ရှုအားပေးပါဦးနော်

0 comments:

Post a Comment