The Ghost Seeing Detective (2014)

10 Episodes

Rating : 8.5/10
Country : South Korean
Genre : Action,Thriller,Mystery,Supernatural,Investigation
Cast : Yoo Seung Ho,Lee Se Young,Jo Sung Ha

သဘာဝလွန် စုံထောက်အက်ရှင်ဇာတ်ကားကြည့် ချစ်ပရိသတ်တို့အတွက် ရင်တထိတ်ထိတ်အသည်းတလှပ် လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆက်နွယ်နေတဲ့အမှုအခင်းတွေကို ကိုင်တွယ်ရင်း သူငယ်ချင်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် သာမာန်မြို့ငယ်လေးတစ်ခုမှာ စည်းကမ်းထိန်းသိမ်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ ဆိုးလ်မြို့ မှုခင်းနှိမ်နှင်းရေးအဖွဲ့က မဖြေရှင်းနိုင်သော သဘာဝလွန်အမှုများကို ဖြေရှင်းပေးဖို့ ရဲဌာနချုပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ပရလောကသားတွေကိုမြင်နိုင်စွမ်းရှိနေတာကို လျှို့ဝှက်ထားတဲ့ စုံထောက် ချောယောင်းဟာ လုပ်ဖော်ကိုင်ဖက် စုံထောက်မလေး ဟာဆွန်းဝူးနဲ့အတူ ရဲဌာနချုပ်ထဲမှာရှိနေတဲ့ ၀ိညာဉ်မလေး ဟန်နာယောင်းတို့နဲ့အတူ သဘာဝလွန်အမှုတွေကို ဖြေရှင်းခဲ့ကြပါတယ်။ တစ်ချိန်မှာတော့ သူ့သူငယ်ချင်းကို သတ်ခဲ့တဲ့ မိစ္ဆာဆိုးတစ်ကောင် ပေါ်ပေါက်လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းမှာလဲဆိုတာ ဇာတ်လမ်းလေးကို ကြည့်ရှုပေးပါနော်။ သဘာဝလွန်မှုခင်းဇာတ်လမ်းတွေကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ အကြိုက်ဖြစ်မှာ သေချာပါတယ်။ လောလောဆယ်တော့ Season 1 နဲ့ Season 2 ထွက်ရှိထားပါတယ်။ Season 3 ရိုက်ကူးဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။
IMDb rating 8.1 ရထားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ဂျီဟိုအိုး ကလည်း ပရိတ်သတ်ကြီးနဲ့ သိပ်စိမ်းမှာမဟုတ်ပါဘူး
Season 1 မှာစုစု ပေါင်း ၁၀ ပိုင်းရှိပြီး အကုန်လုံးကို တပါတည်းတင်ပေးလိုက်ပါတယ်ဗျ

0 comments:

Post a Comment