The 5th Wave (2016)

Rating : 5.2/10
Country : United State
Genre :  Action, Adventure, Drama
Cast :   Chloë Grace Moretz, Matthew Zuk, Gabriela Lopez 
Released Date : 2016
Duration :  1h 52min

ဒီဇာတ်လမ်းအကြောင်းကိုအနည်းငယ်ပြောပြရရင်တော့ ဇာတ်ကားရဲ့နာမည်အတိုင်းပဲ တစ်ခြားကမ္ဘာက
ဂြိုလ်သားကပ်ပါးကောင်တွေဟာ ကမ္ဘာကိုဒုက္ခပေးမယ့် အစီအစဉ်အကြိမ်အရေအတွက် (5) ခုထိစီစဉ်ထား ပါတယ်။ ရောဂါvirusတွေနဲ့ 4th waveကို အကောင်အထည်ဖော်ပြီးချိန်မှာ လူသားမျိုးနွယ်တွေဟာမျိုးတုန်းလုနီးပါးဖြစ်ခဲ့ပြီး အသက်မသေဘဲကျန်ရစ်သူတွေဟာမိမိတို့ရဲ့ ကိုယ်ပိုင်အိမ်မြေတွေကို စွန့်လွှတ်ခဲ့ပြီး ဒုက္ခသည်စခန်းကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ အဲ့ဒီထွက်ပြေးတဲ့အထဲမှာ မင်းသမီးကေစီတို့မိသားစုလည်းပါဝင်ခဲ့ပါတယ်။ ကေစီရဲ့အမေဟာဒေါက်တာတစ်ယောက်ဖြစ်ပြီး 4th waveမှာviursကူးစပ်ခံရတဲ့လူနာတွေကိုကယ်တင်ရင်းသူမကိုယ်တိုင် ကူးစပ်ခံရကာသေဆုံးခဲ့ရတယ်။ နောက်ဆုံး ကေစီရဲ့အဖေနဲ့ မောင်လေးသာဒုက္ခသည်စခန်းကိုရောက်ရှိခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်စစ်တပ်ကကားတွေနဲ့လာရောက်ကယ်တင်တဲ့အခါ ကလေးတွေနဲ့လူကြီးတွေကို ခွဲခြားသယ်ဆောင်ခေါ်ယူခဲ့ပြီး ကေစီဟာ သူ့မောင်လေးနဲ့ဖခင်တို့နဲ့ ဝေးကွာခဲ့ပါတယ်။

အဆိုးဆုံးဖြစ်ရပ်က 5th waveဟာအဲ့မှာစတင်ခဲ့တာပါပဲ . ဂြိုလ်သားတွေဟာလူတွေရဲ့ဦးနှောက်ထဲကိုဝင်နေခဲ့ပြီး လူတွေအတိုင်းအသက်ရှင်နေထိုင်ပြီး လူသားတွေကိုအမျိုးဖြုတ်ပါတော့တယ်။ စစ်တပ်တစ်ခုလုံးကို သိမ်းဆည်းခဲ့ပြီး လူသားချင်းပြန်လည်သတ်ဖြတ်ဖို့ကို လှည့်စားမှုဟာသိပ်ကိုကြောက်ဖို့ကောင်းပါတယ်။ ဇာတ်လမ်းကိုကြည့်လိုက်ရင်အခုထက်ကိုပိုမိုကောင်းမွန်ပြီး မထတမ်းကြည့်ရှုမိမယ့် ဇာတ်လမ်းဆိုတာ ပြောချင်ပါတယ်။ အော် . ဒါနဲ့ မင်းသမီးလေးက ချောချောလေးသိလား . . .

0 comments:

Post a Comment