Star Trek Beyond (2016)

Rating : 7.1/10
Country : United State
Genre :  Action, Adventure, Sci-Fi 
Cast : Chris Pine, Zachary Quinto, Karl Urban 
Released Date : 2016
Duration :  2h 2min 

Star Trek Beyond ဇာတ်ကားကို စဖွင့်တော့ ထုံးစံအတိုင်း Captain Kirk က တစ်ခြားဂြိုလ်တစ်ခုပေါ်မှာ ထိုဂြိုလ်က အကြီးအကဲတွေကို လက်ဆောင်သွားပေးနေတာ။ အဆင်မပြေဖြစ်ပြီး သူပြန်ပြေးလာတဲ့အချိန်မှာတော့ သူပေးမဲ့ လက်ဆောင်ဆိုတဲ့ အရာလေးဟာ သူနဲ့ပြန်ပါလာခဲ့တယ်။ ဒီတစ်ခါ ခရီးစဉ်ကြီးက 5 နှစ်သက်တမ်း။ အချိန်က 3 နှစ်ခန့်တောင် ကျော်လာပြီ။ USS Enterprise က သူတို့နားခိုလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ Yorktown ကို ရောက်တဲ့အခါ Captain Krik နဲ့Spock တို့မှာကိုယ်ပိုင် အနာဂတ်အတွက် စီစဉ်ချမှတ်ထားပြီးသား ဆုံးဖြတ်ချက်ကိုယ်စီရှိကြတယ်။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် ဖွင့်ပြောပြဖို့တော့ အခွင့်အလမ်း မသာခဲ့ဘူး။ Vice Admiral အဖြစ်ရာထူးတိုးဖို့Captain Kirk တစ်ယောက် အထက်ကို လျှောက်ထားပြီးလေ။ Spock တစ်ယောက်ကတော့ Uhura နဲ့လမ်းခွဲပြီးခါစ အချိန်ဖြစ်သလို Ambassador Spock တစ်ယောက်လည်း သေဆုံးသွားပြီလို့ဝမ်းနည်းဖွယ်ရာ သတင်းကို ကြားသိခါစအချိန်လည်း ဖြစ်နေပြန်တယ်။ထိုဝန်းကျင်တစ်ဝိုက်နားမှာ ရှိတဲ့ Nebula တစ်ခုကနေ ရောက်လာတဲ့ Kalara အမျိုးသမီးတစ်ဦးရဲ တောင်းဆိုချက်အရ ရပ်တန့်နေတဲ့သူမတို့ယာဉ်ကြီးက အဖွဲ့ဝင်တွေကို သွားကယ်ပေးဖို့ပဲ။ ဒီလိုနဲ့Captain Kirk ဦးဆောင်တဲ့ သူတို့အဖွဲ့ကြီး ထိုသူတွေကို ကယ်တင်ဖို့ထွက်ခွာလာတော့တာပေါ့။ ဒါပေမဲ့ ထိုနေရာအရောက်မှာပဲ အလွန်တရာများပြားလှတဲ့ ယာဉ်ငယ်တွေရဲ့ခြောင်းမြောင်းတိုက်ခိုက်ခြင်းကို ရုတ်တရက် ခံလိုက်ရကာ သူတို့ရဲ့USS Enterprise ယာဉ်ကြီးတစ်ခုလုံး ပျက်ဆီးတဲ့ အနေအထားထိ ရောက်ရှိခဲ့ကာ Sulu နဲ့Uhura တို့ အပါအဝင် USS Enterprise အဖွဲ့ဝင်အများစု အဖမ်းခံရတော့တယ်။ Captain Kirk နဲ့Chekov တို့ကတစ်နေရာ၊ Scotty က တစ်နေရာ၊ Bones နဲ့Spock တို့ကတစ်နေရာစီ ကွဲသွားကြကာ ထိုအနီးက ဂြိုလ်တစ်ခုအပေါ်မှာ သောင်တင်ကြရတော့တယ်။သူတို့ကို တိုက်ခိုက်တဲ့ သူနာမည်က Krall တဲ့။ Krall ဟာ ဘာကြောင့် သူတို့ကို တိုက်ခိုက်တာလဲ။ Krall ရဲ့အကြံအစည်ဟာ ဘာလဲ။ Star Trek Beyond ရဲ့ဇာတ်လမ်းဟာ ခုမှ စတင်လာပါတော့တယ်။

0 comments:

Post a Comment