16 Episodes
Rating : 8.0/10
Country : South Korean
Genre : Business,Romance,Life,Drama,Melodrama
Cast : Son Ye Jin,Jung Hae In
ကျွန်တော့်ကို စားစရာတွေဝယ်ကျွေးတတ်တဲ့ မမချောချောလေးတဲ့ .. ဘယ်သူများပါလိမ့် 🤔😉💓 ကဲ.. Admin ကခုညတော့ jTBC ရဲ့ Drama အသစ် ဖြစ်တဲ့ (၃၀) ကျော်အရွယ် အပျိုကြီးမမတွေရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ဦးမယ့် မ… မမရဲ့ မောင်လေး.. 💓 မနဲ့မောင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်တယ်ကွားး.. 😉♥️ ဇာတ်ကားနာမည်က “Pretty Sister Who Buys Me Food” တဲ့ “Something in the Rain” လို့လည်းသိထားရတဲ့ ဒီဇာတ်ကားကို Son Ye-jin နဲ့ Jung Hae-in တို့က မမ ရဲ့မောင်လေး အနေနဲ့ပုံဖေါ်မှာပါတဲ့ ဒီဇာတ်လမ်းတွဲက Son Ye-jin အတွက်ဆိုရင် ၅နှစ်အကြာမှ ဇာတ်လမ်းတွဲပြန်လည်ရိုက်ကူးတဲ့ဇာတ်ကားပါ မင်းသားမင်းသမီးတွေကတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော.. 😉 ဇာတ်လမ်းပုံစံလေးက ဒီလို 👇🏻 Son Ye Jin – Yoon Jin An ဆိုတဲ့ အသက်(၃၀)ကျော်အရွယ် ကော်ဖီကုမ္ပဏီက စတိုးကြီးကြပ်ရေးမှုးအဖြစ်လုပ်ကိုင်နေသူ.. သူမဟာ ဖော်ရွေပြီးဆက်ဆံရေးကောင်းတဲ့ ပေါင်းသင်းရလွယ်တဲ့သူတစ်ဦးဖြစ်သော်ငြားလည်း အတွင်းစိတ်မှာတော့ ဘဝမှာပြည့်စုံမှုမရှိဘဲ အထီးကျန်နေတဲ့သူတစ်ယောက်ပါ ဒါပေမယ့် .. ရုတ်တရက်ဆိုသလိုပဲ သူမအချစ်ဆုံးသူငယ်ချင်း Kyung-seon ရဲ့ မောင်လေးကို ချစ်ရိပ်ချစ်ယောင်လေးသန်းလို့ ချစ်အာရုံတွေ.. ဓါတ်ကျသွားပါသတဲ့ .. 😉💓💓 Jung Hae In – Kyung-seon ရဲ့ မောင်လေးSeo Joon-hee သူကတော့နိုင်ငံခြားမှာ (၃) နှစ်တာ အလုပ်သွားလုပ်ပြီးမှ ကိုရီးယားကိုပြန်လာတဲ့ ကွန်ပျူတာဂိမ်းကုမ္ပဏီက ကာရိုက်တာ ဒီဇိုင်နာ တစ်ယောက်တဲ့ (ရဲကိုကို – ထောင်သား- ပြီးတဲ့အခါ ဂိမ်းဒီဇိုင်နာလေးပေါ့) ဒီဇာတ်လမ်းက ပုံမှန်ခင်မင်ရင်းနှီးကြတဲ့ သူနှစ်ဦးကနေ စစ်မှန်တဲ့ ချစ်သူနှစ်ဦးအဖြစ်ပြောင်းလဲသွားတဲ့ အချစ်ဇာတ်လမ်းကို ချစ်စရာ ရိုမန့်တစ် ဆန်ဆန်ပုံစံလေး ဖေါ်ကြူးရိုက်ကူးပြသသွားမှာပါတဲ့ ၃ဝကျော်အရွယ် တည်ငြိမ်တဲ့အချစ်ကိုရှာဖွေနေတဲ့အပျိုကြီးမမနဲ့ ပျော်ပျော်နေတတ်တဲ့ ဂိမ်းကာရိုက်တာဒီဇိုင်နာ မောင်မောင်လေးတို့ရဲ့ ချစ်ပုံပြင်က ဘယ်လိုပုံစံလေးလာမလဲဆိုတာကိုတော့ လာမယ့် မတ်လ (၃၀) ရက်နေ့ ့ ည ၁၁:၀၀ အချိန်ကစလို့ အပတ်စဉ် သောကြာ/ စနေနေညပိုင်းတွေမှာ JTBC ရုပ်သံလိုင်းကနေ စောင့်မျှော်ကြည့်ကြပါစို့လို့ 🤗🤗♥️ ကဲ.. ကဲ..နမူနာStills တွေကြည့်ရင်း ကြည့်လိုသူများ.. ထုံးစံအတိုင်းပေါ့လေ
0 comments:
Post a Comment