Sky Castle (2018)

20 Episodes

Rating : 9.1/10
Country : South Korean
Genre : Mystery,Psychological,School,Drama,Family
Cast : Yeom Jung Ah,Lee Tae Ran,Yoon Se Ah,Oh Na Ra,Kim Seo Hyung

အောင်မြင်နေတဲ့ အမျိုးသားတွေရဲ့နောက်ကွယ်မှာထက်မြတ်တဲ့အမျိုး
သမီးတွေရှိတယ်ဆိုတဲ့ ဆိုးရိုးစကားရှိပါတယ် ....အခုတင်ဆက်ပေးမယ့် K Drama စီးရီးလေးကတော့ အဲဒီ့ဆိုရိုးစကားကို မီးမောင်းထိုးပြထားတာပါ။
မတူညီတဲ့ မိသားစု (၄)စုကအမျိုးသမီး (၄)ယောက်အကြောင်း ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သူတို့အမျိုးသားတွေ အောင်မြင်မှုရဖို့ထောက်ပံ့ပေးပုံတွေ၊ သူတို့သားသမီးတွေကို မင်းသားမင်းသမီးလေးတွေလိြုပြုစုပျိုးထောင်ပေးပုံတွေအကြောင်းရသစုံလင်စွာနဲ့ ကြည့်ရှုခံစားကြရမှာပါ။
စိတ်ကူးယဉ်ဇာတ်လမ်းဇာတ်ကွက်အပေါ် အခြေခံထားပေမယ့် အပြင်လောကမှာလည်းလက်တွေ့ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို
တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုအားပေးသူပရိသတ်ကြီးကို ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားမှာ အသေအချာပါပဲ။ဇာတ်လမ်းအရသာ ပေါ့ပျက်သွားမှာစိုးတဲ့အတွက် အသေးစိတ်မပြောပြတော့ပါဘူး။
အဲဒီ့အစား Sky Castle ရဲ့ အဓိကဇာတ်ကောင်အမျိုးသမီး (၄)ယောက်နဲ့ပဲ မိတ်ဆက်ပေးလိုက်ပါမယ်နော်။ ....
Han Seo Jin - အရိုးအထူးကုဆရာ၀န်နဲ့ လက်ထပ်ထားပြီး သမီးနှစ်ယောက်ရှိသူ၊ ပြီးပြည့်စုံတဲ့ဘ၀တစ်ခု ပိုင်ဆိုင်ထားပေမယ့် လျှို့၀ှက်ချက်ရှိနေသူ
- Lee So Imm - ကလေးစာပေရေးသားသူအထူးကုဆရာအမျိုးသမီးစာရေးဆရာ၊ ဦးနှောက်အာရုံကြော ၀န်နဲ့ လက်ထပ်ထားပြီး သားတစ်ယောက်ရှိသူ
- No Seung Hye - တရားမျှတမှုနဲ့ပျော်ရွှင်မှုအကြောင်း မကြာခဏပြောလေ့ရှိိပေမယ့်အတ္တအလွန်ကြီးတဲ့ ဥပဒေပါမောက္ခခင်ပွန်းသည်ကို ပိုင်ဆိုင်ထားရသူ
- Jin Jin Hee - မိဘနှစ်ပါးကကြွယ်၀ချမ်းသာသလောက် Han Seo Jin ကိုအလွန်အမင်း အားကျနေသူ၊ Han Seo Jin လိုပဲ အရိုးအထူးကုဆရာ၀န်နဲ့ လက်ထပ်ထားသူ...
ကဲ ဒီလောက်ဆိုရင် နေ့စဉ်ဘ၀တွေအကြောင်းသူတို့လေးယောက်ရဲ့
ဘဝ​တွေ ဖြစ်​ရပ်​​တွေကိုသိချင်နေလောက်ပြီလို့ မျှော်လင့်ပါတယ်....
အပိုင်း ၁၆ပိုင်းပါ၀င်တဲ့ Sky Castle (သံမဏိ မိန်​းမလှများ)
စီးရီးလေးကို ရှုစားအားပေးတော်မူကြပါဦးခင်ဗျာ...

0 comments:

Post a Comment