Salmon Fishing in the Yemen (2011)

Rating : 6.8/10
Country : United State
Genre :   Comedy, Drama, Romance
Cast :   Ewan McGregor, Emily Blunt, Amr Waked
Released Date : 2011
Duration : 1h 47min 


ဇာတ်ကားကတော့ Romantic comedy-drama အမျိုးအစားလေးဖြစ်ပြီး ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့ပါတယ်။ ငါးဖမ်းလုပ်ငန်းပိုင်ရှင် Alfred ဟာ တစ်နေ့မှာ ငွေကြေးအကြံပေးပညာရှင်တစ်ဦးဆီက mail တစ်စောင်ရရှိခဲ့ပါတယ်။ ယီမင်နိုင်ငံမှာ လုပ်ကိုင်မယ့်ဆယ်လမွန်ငါးဖမ်းလုပ်ငန်းအတွက် သူ့ကိုအကြံဉာဏ်တောင်းခံပေမယ့် ယီမင်ဟာ ဆယ်လမွန်တွေအတွက် လိုအပ်တဲ့ပတ်ဝန်းကျင်မရှိနို်င်တာကြောင့် Alfred က မဖြစ်နိုင်တဲ့အလုပ်ဆိုပြီး ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ယီမင်က အကြံပေးပုဂ္ဂိုလ်အမျိုးသမီးလေးနဲ့တွေ့အပြီး စော်ဘွားတစ်ယောက်နဲ့ ဆွေးနွေးပြီးတဲ့အခါမှာတော့ သူဟာ မဖြစ်နိုင်တဲ့အလုပ်ကိုပဲ ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ နောက်တော့ ဒီproject အတွက် ရုန်းကန်စတင်နေရင်းမှာပဲ စော်ဘွားမှာလည်း အန္တရာယ်တွေကြုံရ၊ Alfred တို့မှာလည်း အခက်အခဲတွေများစွာကြံုလာရတဲ့အခါ အချင်းချင်းလက်တွဲကူပြီး ကြိုးစားကြရတဲ့ဇာတ်လမ်းလေးပါ။ ပေါ့ပေါ့ပါးပါးကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး တင်ပြပုံလေးလည်းကောင်းမွန်၊ ဇာတ်လမ်းသွားကိုလည်း အချိတ်အဆက်မိမိရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ရွှေကမ္ဘာလုံးဆု ၃ ခု စကာတင်စာရင်းဝင်ခဲ့ပြီး ဆန္ဒကိုအရင်းပြုကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း romantic ဆန်ဆန်လှလှပပပြသသွားနိုင်တဲ့ကားလေးဖြစ်တဲ့အတွက် ခံစားကြည့်ကြပါဦး။

0 comments:

Post a Comment