Dear John (2010)

Rating : 6.3/10
Country : United State
Genre :  Drama, Romance, War 
Cast :  Channing Tatum, Amanda Seyfried, Richard Jenkins 
Released Date : 2010
Duration : 1h 48min 

ဒီဇာတ်ကားလေးက အရမ်းနာမည်ကြီးတဲ့The Notebook ကိုရေးတဲ့ စာရေးဆရာNicolas Sparks ရဲ့ Dear John ၀တ္တုကို ရိုက်ကူးထားတာဖြစ်ပါတယ်။အမေရိကန် အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ စစ်သားလေး “ဂျွန်” ဟာခွင့်ရစဉ်ဇာတိမြို့လေးကိုခဏပြန်လာတဲ့အချိန်မှာ
ကောလိပ်ကျောင်းသူလေး “ဆာဗားနား” နဲ့ချစ်ကြိုးသွယ်ခဲ့မိပါတယ်။ဒီနောက်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်စာလေးတွေမှန်မှန်ရေးကြရင်း
ဒီဇာတ်လမ်းလေးကို အရှိန်မြင့်စေပါတယ်။ ဘယ်လောက်စစ်မှန်တဲ့aချစ်ခြင်းမေတ္တာဖြစ်ဖြစ် ကံကြမ္မာရဲ့ အလှည့်အပြောင်း ဇာတ်ဆရာအလိုကျချစ်ရတဲ့ချစ်သူနှစ်ယောက် ဘယ်လိုအဆက်ပြတ်သွားကြမလဲ
ဘယ်လောက်ကြိတ်မှိတ်ခံစားရတယ်ဆိုတာကို ထိထိမိမိရိုက်ပြသွားပါတယ်….ဒါ့အပြင် ဖခင်တစ်ယောက်နဲ့သားတစ်ယောက်ရဲ့ ဆက်ဆံရေး၊နှုတ်ကဖွင့်မပြောတတ်တဲ့ ယောင်္ကျားသား (၂) ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်းသဘောပေါက်နိုင်ပါတယ်။ နောက်ထပ်လည်း ဒင်္ဂါးလေးတွေအကြောင်းလည်း ဗဟုသုတရဖွယ်ဖော်ပြသွားလို့တော်တော်ကြည့်ပျော်တဲ့ကားလေးလို့ပဲ ညွန်းဆိုပါရစေ
မိသားစုနဲ့ ကြည့်ဖို့သင့်တော်တဲ့ အမေရိကန် Romanceကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment