Ram Jaane (1995)

Rating : 5.4/10
Country : India
Genre : Action, Crime, Drama 
Cast : Shah Rukh Khan, Juhi Chawla, Vivek Mushran                       
Released Date : 1995
Duration : 2h 2min

ခပ်လာ့စ်( ရှော့လိုက် /ပွဲသိမ်း) ၊ တပိုရိးလို့ဂ် ( street guys) ….အစရှိတဲ့ ရှာရွတ်ဗန်းစကားတော်တော်များများကို ဒီဇာတ်ကားထဲမှာ လေ့လာလိုက်နော် ။သင်ဟာ လူတစ်ယောက်သာစစ်မှန်ခဲ့ပါစေ….ကိုယ့်ဘဝမှာ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့တဲ့ ချောက်ကမ်းပါးထဲကျရောက်နေခဲ့ရင်တောင် သင့်လိုမျိုး မိုက်မိုက်ကန်းကန်း ချောက်ကမ်းပါးထဲ မျက်စိစုံမှိတ်ခုန်ချမဲ့ အနာဂတ်လူငယ်တွေကိုတော့ ဒီနေရာကြီဟာ အန္တရယ်တွေရောပြွန်းနေတဲ့ မျှော်လင့်ချက်မဲ့ချောက်ကမ်းပါးဆိုတာ တနည်းနည်းနဲ့တော့ သိစေသင့်တယ် မဟုတ်ပါလား?Ram Jaane (ဘုရားသိတယ်)★★★★★★
ပြစ်မှု ၊အက်ရှင်ဒရမ်မာ၊ ဇာတ်မြူးအမျိုးအစား ဘောလီးဝုဒ် ရုပ်ရှင်” Ram Jaane ” ကို ဇာတ်ညွှန်း ဗီနေးရွှတ်ကလား ရေးသားပြီး ၊ ဒါရိုက်တာ ရာဂျစ်ဗ်မဟဲရာ ရိုက်ကူးခဲ့ကာ ရှာရွတ်ခန် ၊ ဂျူဟီးချော်လာ ၊ မူရှရန်း ၊ ပန်ကတ်ရ်ှကပူးရ် (ရှာဟစ်ကပူးရ် ဖေဖေ) ၊ ဂူလ်ရှန်းဂရိုဗာ တို့က သရုပ်ဆောင်ထားပါတယ် ။ ဒီဇာတ်ကားဟာ ၁၉၉၅ ၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှာ အာမေးရ်ခနိး ရဲ့ “Akle Hum Akle Tum ” နဲ့ အပြိုင်ရုံတင်ခဲ့ရပြီး ၊ Box Office မှာတော့ “Ram Jaane ” က အောင်ပွဲခံခဲ့တယ် ။ ဘတ်ဂျတ် ရူပီ ၃ . ၇၅ ကုဋေ ကုန်ကျခဲ့ပြီး ၊ ၁၅. ၁၉ကုဋေ ပြန်ရခဲ့တယ် ။ ရှာရွတ်ဟာ ဒီဇာတ်ကားကို ဘယ်လောက်နှစ်သက်တယ်တော့မသိ ။ဒီဇာတ်ကားရဲ့မူပိုင်ခွင့်ကို သူ့ရဲ့ Red Chillies Entertainment အောက်ကနေ ပြန်လည်ဝယ်ယူခဲ့တယ် ။“Ram Jaane ” ဟာ ဗီလိန်သရုပ်ဆောင် ခေါင်းဆောင်မင်းသား နေရာကနေ သရုပ်ဆောင်တဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တယ် ။ (Bazigaar, Darr, Anjaam တို့နောက်) ရှာရွတ်ဝင်ကာစက အဲ့ဒီအချိန်ခေတ်စားနေတဲ့ အချစ်ချိုချို ဒရမ်မာတွေ ၊ ဆင်းရဲ / ချမ်းသာ အလွှာမတူလို့ ၊ မိဘချင်းရန်ငြိုးရှိလို့ နှစ်ကိုယ်တူတဲအိုပျက်မှာ နှစ်ယောက်တည်းကမ ္ဘာချစ်ပုံပြင်တွေ ၊ အရင်းရှင်ဘူဇွာဆန်တဲ့ မိဘတွေကို အာခံကြ ၊ ချစ်သူတစ်မျက်နှာ တစ်ကမ္ဘာထင်ကာ လိုက်ပြေးကြတဲ့ ဇာတ်တွေကိုရှောင်ခဲ့တယ် ။ ဇာတ်အိမ်ခိုင်မာ ၊ ယုတ္တိတန်တဲ့ ၊ တကယ့်ဖြစ်ရပ်မှန် ဆန်ဆန်ဇာတ်တွေကို ပရိသတ်မုန်းမှာ လုံးဝမကြောက်ပဲ ရိုက်ကူးခဲ့တယ် ။ တစ်ခာလာလဲ မွဲပြာပုဆိုး ၊ တစ်ခါလာလဲ အချစ်သူရဲကောင်းဇာတ်တွေကို ငြီးငွေ့ငိုက်မြည်းနေတဲ့ ပရိသတ်တွေကို ရှာရွတ်ရဲ့သဘာဝဆန်တဲ့ ၊ လတ်ဆတ်လန်းဆန်းပြီး အရိုင်းဆန်တဲ့ ဇာတ်ကားတွေက လှုပ်နှိူးခဲ့တယ် ။ လူငယ်တွေအကြား ရှာရွတ်ရဲ့စတိုင်လ်တွေ ၊ ဒိုင်ယာလော့ဂ်တွေ ၊ ဝတ်စားဟန်တွေ ၊ ဂျစ်တစ်တစ် ခပ်ရွတ်ရွတ်စတိုင်လ်တွေက လွှမ်းမိုးလာခဲ့တယ် ။ ဒီဇာတ်ကားထဲမှာ ရှာရွတ်နဖူးမှာ စည်းတဲ့ စကာ့ဖ်တွေ ၊ ကုတ်အင်္ကျီနဲ့ရွှေဆွဲကြိုးဆွဲတဲ့စတိုင်လ်တွေ ၊ရှာရွတ်ရဲ့ ခပ်ရိရိရယ်သံတွေ ၊တစ်ဖက်သတ်ဆန်တဲ့ အစွန်းရောက်ချစ်ခြင်းဟန်ပန်တွေ နဲ့ ဒိုင်ယာလော့ဂ်တွေဟာ ခုထိကို ပြောဆဲ….ရေပန်းစားနေဆဲပါ ။ဇာတ်လမ်းအကျဉ်း**************ညဉ့်နက်သန်းခေါင်အချိန် ကျူးကျော်ရပ်ကွက်တစ်ခုရဲ့ အမှိုက်ပုံမှာလာရောက် စွန့်ပစ်ခံရတဲ့ မွေးကင်းစနီတာရဲလေး……….ဒီကလေးလူမှန်းသိတတ်ကာစ အရွယ်ကတည်းက နာမည်ရယ်လို့ ရေရေရာရာမရှိ ။ “လမ်းဘေးကလေး” “ကောက်ရ ” “လမ်းဘေးကကောင် ” အစချီတဲ့ နာမ်နှိမ်စကားလုံးတွေနဲ့ ရင်းနှိးကြီးပြင်းခဲ့ရသူလေး ။ လူမမယ်ပေမဲ့ ကိုယ့်ဝမ်းကိုယ်ကြောင်းရလေတော့ ဟိုလူက အရက်ဝယ်ပေးပါဦး.. ဒီလူက စီးကရက် ဝယ်ပေးပါဦး…..စတဲ့ တောက်တိုမယ်ရတွေလုပ်ပြီး ၊ သမုဒ္ဒရာဝမ်းတစ်ထွာကို ဖြည့်ခဲ့ရပြီး ၊ စာနာထောက်ထားဖေးမ ကြင်ကြင်နာနာ ဆက်ဆံသူရယ်လို့ သူတို့လို့ မိဘမဲ့လေးတွေကို ပေါင်မုန့်အလကားလဲကျွေးသလို သူတစ်ပါးထိခိုက်နစ်နာတာမျိုး မလုပ်မိစေဖို့ ဆုံးမသွန်သင်ပေးတဲ့ ဘုန်းဘုန်းတစ်ပါးပဲ ရှိလေရက် ။ တစ်နေ့တော့ အရက်သမားတစ်ယောက်က “ဟျောင့်ရယ် ….မင်းမှာလဲ နာမည်တော့ရှိရမှာပေါ့ “ဆိုတဲ့ မူးမူးနဲ့ပြောတဲ့စကားကြောင့် ပေါင်မုန်ဝေတဲ့ဘူန်းဘုန်းကို သူ့နာမည်ဘာလဲ လို့မေးရှာတယ် ။ လိမ်လဲမပြောချင်တဲ့ ဘုန်းဘုန်းဟာ “Ram Jaane(ဘုရားသိတယ်) ” လို့ အာပလွတ်ပြောလိုက်ရာက ဒီနာမည်က အတည်ဖြစ်သွားခဲ့ရှာတယ် ။ရားမ်ဂျာနေ မှာ သူ့လိုပဲ မိဘမဲ့ ၊ ဆိုးတူကောင်းဖက် မူလီဆိုတဲ့ သူငယ်ချင်းလေးရယ် ၊ ဦလေးကကျွေးမွေးစောင့်ရှောက်ထားရတဲ့ ဘေလား ဆိုတဲ့ငယ်ကျွမ်းဆွေ သူငယ်ချင်းမလေးနှစ်ယောက်တော့ရှိတယ် ။ သူ့မှာ နောက်ထပ်ငယ်ကျွမ်းဆွေရှိသေးတယ်။ သူကတော့ ရားမ်ဂျာနေ ဆိုတဲ့ စောင်ကြွားကြွားကလေးကို ကြည့်မရပဲ အမြဲထောင်ထဲပို့ဖို့ အားသန်နေတဲ့” ခြွေတေး” ဆိုတဲ့ ရဲအရာရှိ ။ အထိန်းအကွပ်မဲ့တဲ ရားမ်ဂျာနေ နဲ့ မူလီ တို့ဟာ လွယ်ရင်လွယ်သလို အလစ်သုတ်တတ်သလို တစ်ခါတလေတော့လဲ မှောင်ခိုကုန်ရထားတွဲတွေထဲက ကုန်စည်တွေကို အခါအခွင့်သင့်ရင် ခိုးလေ့ရှိကြတယ် ။ တစ်ခါမှာတော့ ရဲအရာရှိ ခြွေတွေးရဲ့လက်ထဲကို ရားမ်ဂျာနေ မိသွားပါရော ။ မူလီကတော့ ရားမ်ဂျာနေ ကောင်းမှုနဲ့သီသီလေးလွတ်သွားခဲ့တယ် ။ ကလေးထောင်ပို့ခံရတဲ့ ရားမ်ဂျာနေ ဟာ အလစ်သုတ် ၊ ခါးပိုက်နှိုက်ထက် သာလွန်တဲ့ ဒုစရိုက်ဂိုဏ်းနဲ့ အဆက်အသွယ်ရသွားခဲ့တော့တယ် ။ ကလေးထောင်ကထွက်ပြေးလာတဲ့ ရားမ်ဂျာနေ ဟာ ဘုန်းဘုန်းကောင်းမှုနဲ့ကျောင်းတက်နေတဲ့ မူလီရဲ့ပြောစကားအရ သူရဲ့ငယ်ကျွမ်းဆွေဘေလားကို”ဘော်ဒါကျောင်း ” ကိုပို့့လိုက်ပြီ ဆိုတာ သိလိုက်ရတယ် ။ ဒုစရိုက်လောကနဲ့ အဆက်အသွယ်တွေရသွားပြီဖြစ်တဲ့ ရားမ်ဂျာနေ ဟာ ဒုစရိုက်တောကို တိုးလို့သာဝင်ရောက်သွားခဲ့တော့တယ် ။ အမြှိးကျက် အမြှိးစား ၊ ခေါင်းကျက် ခေါင်းစား ၊ ရန်သူတွေ မိတ်ဆွေတွေ အသာထားလို့ လျင်သူဗိုလ်လုပ်ကြေး ဆိုတဲ့ ဒုစရိုက်လောကမှာ လက်ယဉ်တဲ့ ရားမ်ဂျာနေ ဟာ ဂိုဏ်းခေါင်းဆောင်တို့ရဲ့ အားထားရာလက်ရုံးတစ်ဆူ ဖြစ်လာတော့တယ် ။ ဒီလိုနဲ့ ဒုစရိုက်လောကမှာ ကျင်လည်ရင်း ထောင်ကို ခြင်ထောင်လို ဝင်ချည်ထွက်ချည် နဲ့ နှစ်တွေကြာညောင်းခဲ့တယ် ။ထောင်ကထွက်လို့ လတ်ဆတ်အေးမြတဲ့လေကို တဝကြီးရှူလိုက်မိတဲ့ ရားမ်ဂျာနေ ကို ပြုံုးပြုံးကြီးစောင့်ကြိုနေတဲ့ မူလီ ။ မူလီဟာ ဘုန်းဘုန်းရဲ့ကျေးဇူးနဲ့ ပညာသင်ခွင့်ရခဲ့ပြီး ၊ ခုဆို သူတို့လို မိဘမဲ့လေးတွေကို ပြုစုစောင့်ရှောက်တဲ့ “အပနေဂါးရ် ” (ကိုယ်တို့ဂေဟာ) ဆိုတဲ့ မိဘမဲ့ဂေဟာလေးဖွင့်ထားနိုင်ခဲ့ပြီ ။ မူလီက ရားမ်ဂျာနေ ကို လမ်းမှန်ပေါ်ရောက်အောင်ပြုပြင်မယ် ဆိုတဲ့ ရယ်ရွယ်ချက်နဲ့ “အပနေဂါးရ် ” မှာ လိုက်နေဖို့ ခေါ်တယ် ။ ရားမ်ဂျာနေ က ပြုပြင်ဖို့ စိတ်ကူးမရှိပေမဲ့ တစ်အားလှလာတဲ့ ငယ်ကျွမ်းဆွေဘေလား နဲ့ အနေနီးမှာမို့ ခေါင်းငြိမ့်လက်ခံခဲ့တယ် ။ မူလီရဲ့စိတ်ကူးဟာ တက်တက်စင်အောင်လွဲခဲ့တယ် ။ ရားမ်ဂျာနေ ဟာ ဒုစရိုက်အလုပ်တွေကို ဆက်လုပ်မြဲလုပ်ဆဲပါပဲ ။ ရားမ်ဂျာနေ ကို ပြုပြင်လို့ရဖို့နေနေသာသာ သူ့ဂေဟာက ဆယ်ကျော်သက်လေးတွေဟာ ရားမ်ဂျာနေ ကို အားကျလာကြတယ် ။ တစ်သက်နဲ့တစ်ကိုယ် ပတ်ဝန်းကျင် ရဲ့အထင်သေးရှုံ့ခခံရျမှုတွေ ၊ မရှိခိုးနိုး အထင်အမြင်သေးအကြည့်တွေ ၊ နှိမ့်ချဆက်ဆံမှုတွေကို ခါးစည်းခံလာရတဲ့ မိဘမဲ့ဂေဟာက ဆယ်ကျော်သက်တွေဟာ ရားမ်ဂျာနေ ရဲ့ ငွေကိုရေလိုဖြုန်းနိုင်မှုတွေ ၊ ခရိုနီတွေလို အသိုင်းအဝိုင်းနဲ့ရင်းနှိးကျွမ်းဝင်မှုတွေ ၊ တော်ရုံတန်ရုံရဲအရာရှိလောက်တော့ အိပ်ကပ်ထဲထည့်ထားနိုင်တာတွေကို အားကျအတုခိုးလာကြတယ် ။ ဆရာမူလီရဲ့စကားကိုလဲ နားမဝင်တော့ပဲ ရားမ်ဂျာနေ စတိုင်လ်ဖမ်းလာကြတော့တယ် ။ အမှားအမှန်မခွဲခြားတတ်သေးတဲ့ ဆယ်ကျော်သက်တွေဟာ ရားမ်ဂျာနေရဲ့ဘက်တော်သားတွေ ဖြစ်လာခဲ့တယ် ။ လောကမှာ ငွေသာလျင် အရှင်သခင် ၊ ငွေသာလျင် ကိုးကွယ်ရာ ၊ ငွေသာလျင် အာဏာရှင်လို့ အယူမှားပြီး ၊ အလစ်သုတ် ၊ ခါးပိုက်နှိုက် အသေးအဖွဲ တွေ လုပ်လာကြတော့တယ် ။တစ်ဘက်မှာလဲ “အပနေဂါးရ် ” မိဘမဲ့ဂေဟာ အပါအဝင် ရပ်ကွက်ငယ်ကို အပိုင်သိမ်းဖို့ ခရိုနီတစ်စုဟာ ရဲတွေနဲ့ပူးပေါင်းပြီး ၊ ကြံစည်နေတယ် ။ ဒါကို သိတဲ့ ရားမ်ဂျာနေ ဟာ တတ်နိုင်သမျှတားဖို့ ကြိုးစားတယ် ။ မရတဲ့အဆုံး အဲ့ဒီ ခရိုနီကိုအပြတ်ရှင်းပစ်လိုက်တော့တယ် ။ ဒီအမှုဟာ “အပနေဂါးရ် “မိဘမဲ့ဂေဟာက ဆယ်ကျော်သက်တွေ ပါဝင်ပတ်သတ်နေတယ်ဆိုပြီး ၊ ခြွေတေး ခေါင်းဆောင်တဲ့ ရဲတပ်ဖွဲ့ဟာ လာရောက်စစ်ဆေးတယ် ။ စစ်ဆေးတယ်သာဆိုတယ် ။ တကယ်က အတင်းအကြပ်ရိုက်နှက်ဝန်ခံခိုင်းတာပါ ။ အဲ့တော့ မိဘမဲ့ဂေဟာ က ဆယ်ကျော်သက်တွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် အဓိကရုဏ်းဖြစ်ကုန်ကြတော့တယ် ။ ဒီ အဓိကရုဏ်း မှာ မိဘမဲ့ဂေဟာမှ ခြောက်နှစ်အရွယ်ကလေးတစ်ဦး အသက်ဆုံးရှူံးခဲ့တယ် ။ မူလီဟာ ဒီဖြစ်ရပ်တွေဟာ ရားမ်ဂျာနေ ကြောင့်လို့ စွပ်စွဲပြောဆိုလို့ သူငယ်ချင်းနှစ်ယောက် စိတ်ဆိုးပြီး ၊ ရားမ်ဂျာနေ လဲ “အပနေဂါးရ် “ကို စွန့်ခွာထွက်သွားခဲ့တယ် ။ ရားမ်ဂျာနေ ကို လမ်းမှန်ပေါ်ပြန်ရောက်စေချင်လွန်းတဲ့ မူလီဟာ ဘေလား ကို ရားမ်ဂျာနေ ရဲ့ အချစ်ကိုလက်ခံပြီး ၊ ပြုပြင်ပေးဖို့ တောင်းဆိုခဲ့တယ် ။ မူလီကို တစ်ဖက်သတ်ချစ်နေတဲ့ ဘေလားဟာ ဒီတောင်းဆိုမှုကို လက်ခံခဲ့တယ်။“အပနေဂါးရ် “မိဘမဲ့ဂေဟာ နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ အဓိကရုဏ်းဟာ သတင်းစာတိုင်းရဲ့ မျက်နှာစာမှာ ဟိုးလေးတကျော်ကျော်ပါလာခဲ့တယ် ။ ခေါင်းစည်းစာတန်းမှာ “မိဘမဲ့ဂေဟာနောက်ကွယ်ကဒုစရိုက်သားကောင်များ ” ဆိုပြီး ၊ မိဘမဲ့ဂေဟာဆယ်ကျော်သက်တွေရဲ့ပုံကို တွဲပြထားလေးတော့ ” အပနေဂါးရ် “ကိုထောက်ပံ့ပေးနေတဲ့ ပင်တိုင်အလှူရှင်တွေဘက်က မေးခွန်းတွေထုတ်လာကြတော့တယ် ။ သူတို့ဟာ မိဘမဲ့တွေကို လူကောင်းလူမွန်ဖြစ်စေဖို့ ထောက်ပံ့ပေးနေတာ ။ ဒုစရိုက်သားကောင်တွေမွေးထုတ်ပေးနေတဲ့ သူတို့ဂေဟာကို မထောက်ပံံ့ပေးနိုင်တော့ဘူး လို့ ဆိုလာတဲ့အခါ “အပနေဂါးရ် “မိဘမဲ့ဂေဟာလေးဟာ အငတ်ဘေးဆိုက်ရတော့တယ် ။ ရားမ်ဂျာနေ ဟာ ဒီအငတ်ဘေးအတွက် ငွေပံ့ပိုးကူညီပေးခဲ့ပေမဲ့ မူလီက မသန့်စင်တဲ့ငွေတွေနဲ့ သူ့မိဘမဲ့ဂေဟာ အသက်မဆက်စေရဘူး ဆိုလို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး ။ ဒါ့အပြင် ဘေလားကလဲ သူ့ကိုချစ်လို့မဟုတ်ပဲ မူလီရဲ့တောင်းဆိုမှုကြောင့် သူ့ကိုလက်ခံခဲ့တယ်ဆိုတာ သိလိုက်ရတဲ့ ရားမ်ဂျာနေ ခင်ဗျာ မှိတွယ်စရာသံယောဇဉ်ဆိုလို့ ဘာတစ်ခုမှ မရှိရှာတော့ဘူး ။ ငကန်းသေတော့ ငဆွေပေါ်ဆိုသလို “အပနေဂါးရ် “မိဘမဲ့ဂေဟာနဲ့ရပ်ကွက်လေးကို အပိုင်သိမ်းဖို့ ကြံစည်တဲ့နောက် ခရိုနီတစ်ယောက် ထွက်လာပြနိတယ် ။ ရားမ်ဂျာနေ ရဲ့ ပြိုင်ဘက် “ဘေဝါဂျား”(ဂူလ်ရှန်းဂရိုဗာ) ။ ဒီတစ်ခါတော့ ထောက်ထားငှဲ့ညှာစရာသံယောဇဉ်ရော ၊ မှီတွယ်ရာရင်ခွင်ရောမဲ့ခဲ့ပြီဖြစ်တဲ့ ရားမ်ဂျာနေတစ်ယောက် သူ့လိုပဲ မိဘမဲ့ကလေးငယ်တို့ပျော်စံရာ “အပနေဂါးရ် “ကိုကယ်ဖို့ ခရိုနီနဲ့အပေါင်းပါတစ်သိုက်ကို အပြတ်ကိုရှင်းပစ်ပြီး ၊ ကြိုးစင်တက်ဖို့ ဆုံးဖြတ်လိုက်ပြီ ။ ဒီနောက်ပိုင်းက အရမ်းကိုကောင်းလွန်းတဲ့ ဒရမ်မာခန်းတွေမို့ စပွိုင်လာ မလုပ်တော့ဘူးနော် ။ ဆက်သာကြည့်လိုက်တော့ ပရိသတ်တို့ရေ ။🌵🌵 ဒီဇာတ်ကားရဲ့တေးသွားတွေကို ဂန္တ၀င်ဂီတမှူး အနူးမားလစ်ခ် ကိုယ်တိုင်သီကုံးဖွဲ့တည်ခဲ့ကာ သီချင်းစာသားတွေကိုတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဂန္တ၀င်တေးရေးဆရာကြီး အာနန်းဘတ်ဂ်ရှီး ကိုယ်တိုင်ရေးစပ်ခဲ့ပါတယ် ။ 🌵🌵 ဒီဇာတ်ကားကို မြန်မာ့ရုပ်ရှင်အကျော်အမော် ဒွေး နဲ့ နန္ဒာလှိုင်တို့က “ဇောင်း ” ဆိုပြီး၊ ပြန်လည်ရိုက်ကူးခဲ့တယ် ။

0 comments:

Post a Comment