Queen Of Mystery (2017)

16 Episodes

Rating : 8.3/10
Country : South Korean
Genre : Action,Friendship,Mystery,Comedy,Drama,Detective,Investigation
Cast : Choi Kang Hee,Kwon Sang Woo

ယူဆိုအော့ဟာ သည်းထိတ် ရင်ဖို စုံထောက်ဝတ္ထုတွေကို နှစ် သက်သူဖြစ်ပြီး စုံထောက််ဖြစ်ဖို့ပဲ တစ်ချိန်လုံးတွေးနေကာ သူအိမ် ထောင်ကျသွားတဲ့အခါမှာတော့ သူ့စိတ်ကူးအိပ်မက်တွေ အကုန် လုံး ပျက်သုဉ်းသွားခဲ့့ပါတယ်။

ဆိုအော့ရဲ့ ခင်ပွန်းက အစိုး ရရှေ့နေတစ်ယောက်ဖြစ်ပြီး ဆို အော့တစ်ယောက် အိမ်ထောင် ရှင်မဘဝရောက်ပြီးကတည်းက သူ့အချိန်တွေ အကုန်လုံးကို အိမ် မှုကိစ္စတွေမှာပဲ မြှုပ်နှံထားခဲ့ရပါ တယ်။ တစ်ရက်မှာတော့ ဆိုအော့ စုံထောက်ဖြစ်လာဖို့ အခွင့်အရေး တစ်ခု ပေါ်လာခဲ့ပါတယ်။

ရဲစုံထောက်ဟုန်ဟာ ငယ် ငယ်ချောချော ရဲအရာရှိတစ် ယောက်ဖြစ်ပြီး ရဲတက္ကသိုလ်က နေဆင်းပြီး မကြာခင်မှာပဲ ဌာန ချုပ်အကြီးအကဲနေရာရထားသူ ဖြစ်ပါတယ်။ အမှုလိုက်အတွေ့အ ကြုံနည်းပေမယ့်လို့ အပြင်းအ ထန် ကြိုးစားသူဖြစ်တဲ့အတွက် စီနီ ယာတွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

ရဲအရာရှိဟုန်ဟာ စုံထောက်ဖြစ်ချင်နေတဲ့ ဆိုအော့ကို တကယ့်ရဲစုံထောက်တစ်ယောက်ဖြစ်ဖို့ ကူ ညီခဲ့ပါတယ်။ ဆိုအော့ကို သင်ကြားပေးရာမှာ ရဲတက္ကသိုလ်တုန်း က သူ့စီနီယာဟာ ဝမ်ဆန်းရဲ့အပြု အမူတွေနဲ့ ဆန့်ကျင်ဘက်ပုံစံ သင်ပေးခဲ့တာပါ။

စုံထောက်ဟာ ဝမ်ဆန်းက တော့ ဂျူနီယာတွေကို ပညာပြတဲ့ နေရာမှာ နာမည်ကြီးပြီး အမှုတစ်ခုနဲ့ပတ်သက်လို့ စုံစမ်းထောက် လှမ်းရင်း ဆိုအော့နဲ့ ဆုံပါတော့ တယ်။ နောက်ဆုံးတော့ မတည့် တဲ့ဟာဝမ်ဆန်းနဲ့ ဆိုအော့တို့ အတူပူးပေါင်းပြီး အမှုလိုက်တဲ့

အခါမှာ ကြုံရတဲ့ ပြဿနာလေး တွေကို ရယ်ရင်းမောရင်းနဲ့ ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးဖြစ်ပါ တယ်။

KBS2 ရုပ်သံလိုင်းကနေ ဧပြီ ၅ ရက်ကစလို့ ဗုဒ္ဓဟူး၊ ကြာ သပတေး ည ၁၀ နာရီမှာ ထုတ် လွှင့်ပြသမယ့် အပိုင်း ၁၆ ပိုင်းရှိ တဲ့ ဒီဇာတ်လမ်းတွဲမှာ ဟာဝမ် ဆန်းအဖြစ် ကွန်ဆန်ဝူး၊ ယူဆို အော့အဖြစ် ချွဲဂန်ဟီး၊ ရဲအရာရှိ ဟုန်အဖြစ် လီဝမ်ဂျွန်း စတဲ့သရုပ် ဆောင်တွေ ပါဝင်ပါတယ်။

0 comments:

Post a Comment