47 Hours to Live (2019)

Rating : 4.0/10
Country : United State
Genre : Thriller
Cast : Ashley Amos, Abel Becerra, Jim Blumetti 
Released Date : 2019
Duration : 1h 44min

အိမ်ထဲမှာ အေးဆေးလေး အနားယူရင်း ကြည့်စရာ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ သည်းထိပ်ရင်ဖိုမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ သူတွေအတွက် ကားကောင်းလေးပါပဲ။

ရို့စ် ဆိုတဲ့ ကောင်မလေးဟာ ပြဿနာ အချို့ကြောင့် ကျောင်းပြောင်းလာခဲ့ရပါတယ်။ အဲ့ဒီမှာ ကယ်ဒန်ဆိုတဲ့ လူဆိုးမလေးနဲ့ သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပုံစံချင်း မတူပေမဲ့ လျင်လျင်မြန်မြန်ပဲ ရင်းနှီး သွားခဲ့ပါတယ်။ တစ်နေ့မှာတော့ သူငယ်ချင်း နှစ်ယောက်ဟာ အပျင်းပြေ အွန်လိုင်းဂိမ်းတစ်ခုကို ဆော့ခဲ့ကြပါတယ်။ သရဲခေါ်တဲ့ ဂါထာကို အချိန်မှတ်ပြီးရွတ်ရင်း ဓာတ်ပုံရိုက်ရတာပါပဲ။ရွတ်နေရင်း အချိန်ရပ်သွားတဲ့အခါ ဖုန်းကိုင်ထားပြီးပုံရိုက်မိတဲ့သူကို သရဲက ၄၇ နာရီအတွင်း လာသတ်မှာပါ။ ကယ်ဒန်က မယုံပေမဲ့ ရို့စ်က ယုံပြီး ကြောက်နေခဲ့ပါတယ်။ နောက်နေ့မှာတော့ တကယ်ပဲ အဲ့လိုဖြစ်လာမယ်လို့ သိလိုက်ရတဲ့အခါ သူတို့နှစ်ယောက် ဘယ်လို ကြိုးစားကြပြီး ရုန်းကန်ကြမလဲ။ မကောင်းဆိုးဝါးကို အနိုင်ရနိုင်မလား၊ တကယ်ပဲ ရို့စ်ကြောက်နေသလို ဂိမ်းက အစစ်လားဆိုတာ ရင်တထိပ်ထိပ်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment