Psycho (2020)

Rating : 6.4/10
Country : India
Genre : Crime, Thriller 
Cast : Udhayanidhi Stalin, Aditi Rao Hydari, Nithya Menon 
Released Date : 2020
Duration : 2h 14min

ဒယ်လ်ဂီနီဆိုတဲ့ ရေဒီယိုကအစီအစဉ်တင်ဆက်သူ ကောင်မလေးကို ဂေါ့သန်ဆိုတဲ့ မျက်မမြင်ကောင်လေးက သဘောကျပြီး အနောက်ကတကောက်ကောက်လိုက်နေတတ်တယ်။ ဒယ်လ်ဂီနီကတော့ ဂေါ့သန်ဟာနာမည်ကြီး အနုပညာရှင်မှန်းမသိပဲ အနောက်ကလိုက်နှောင့်ယှက်နေတဲ့ လူတစ်ယောက်လို့သာ သဘောထားခဲ့ပါတယ်။ အဖြစ်မှန်တွေကိုသိသွားတဲ့ ဒယ်လ်ဂီနီက ဂေါ့သန်ကိုစမ်းသပ်မှုတစ်ခုပြုလုပ်ပြီး သူ့ကိုတွေ့အောင်ရှာနိုင်ရင် ဂေါ့သန်ကိုမွေးနေ့ပွဲတက်ရောက်ခွင့်ပေးမယ့်အကြောင်း ပြောခဲ့တယ်။

ဒီအချိန်မှာ ကိုအင်ဘာတိုးမြို့မှာ မိန်းကလေးတွေကိုပြန်ပေးဆွဲပြီး ခေါင်းဖြတ်သတ်တဲ့ ကွင်းဆက်လူသတ်မှုက ဆက်တိုက်ဖြစ်ပွားနေပြီး ရဲတွေကမဖော်ထုတ်နိုင်ဖြစ်နေတာပေါ့။ ကံဆိုးစွာနဲ့ ဂေါ့သန်ကိုစမ်းသပ်ဖို့ ဘူတာရုံမှာစောင့်နေတဲ့ ဒယ်လ်ဂီနီတစ်ယောက် လူသတ်သမားရဲ့ ပြစ်မှတ်ဖြစ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ။

ဂေါ့သန်ကရော ဒယ်လ်ဂီနီညွှန်းတဲ့နေရာကို ရောက်အောင်လာပေမယ့် ဘာတွေလွဲချော်သွားခဲ့လဲ။ လူသတ်သမားကရော မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး ခေါင်းဖြတ်သတ်နေတာ ဘာကြောင့်လဲ။ မျက်မမြင်‌လေးဂေါ့သန်က ဒယ်လ်ဂီနီကို လူသတ်သမားလက်ကနေ ကယ်ထုတ်နိုင်မှာလား ဆိုတာကို ဒီ psycho 2020 ဆိုတဲ့ ရုပ်ရှင်မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင် …..

0 comments:

Post a Comment