Prime Minister And I (2013)

17 Episodes

Rating : 7.4/10
Country : South Korean
Genre : Comedy,Romance,Drama,Family
Cast : Im Yoon Ah,Lee Bum Soo,Yoon Shi Yoon,Chae Jung Ahn

၂၀၁၃ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ KBS2 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ Prime Minister and I ကိုရီးယားဒရာမာစီးရီးလေးမှာ Im Yoon-ah, Lee Beom-soo, Yoon Shi-yoon, Chae Jung-an နဲ့ Ryu Jin တို့ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း ၁ရပိုင်း ပါဝင်ပါတယ်။ Kwon Yul ဟာ အသက် ၄၂နှစ်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး သူ့ရဲ့ရိုးဖြောင့်တည်ကြည်မှုကြောင့် နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဝန်ကြီးချုပ်မဖြစ်ခင် ရနှစ်တာကာလတုန်းက ကားအက်ဆီးဒင့်တစ်ခုကြောင့် ဇနီးသည်ကိုဆုံးရှုံးခဲ့ရပြီး သားသမီး (၃)ယောက်ကို တစ်ကိုယ်တည်းပြုစုစောင့်ရှောက်နေရတဲ့ မုဆိုးဖိုတစ်ဦး ဖြစ်နေခဲ့ပါတယ်။ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို ထူးထူးချွန်ချွန် ထက်ထက်မြက်မြက် ထမ်းဆောင်နိုင်သလောက် မိဘတာဝန်ထမ်းဆောင်ရာမှာ အိုးနင်းခွက်နင်း လုံးလည်ချာလည်လိုက်နေခဲ့တဲ့ Kwon Yul တစ်ယောက် အယ်ဇိုင်းမားရောဂါခံစားနေရတဲ့ ဖခင်ကြီးကို ပြုစုစောင့်ရှောက်နေရတဲ့ သတင်းထောက်မလေး Nam Da-Jung နဲ့ ရေစက်ဆုံဖို့ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးသား အပေးအယူတည့်ပြီး မိတဆိုးလေး ၃ယောက်ကို မိဘတို့ဝတ္တရားဖြည့်ဆည်းပေးဖို့ ရည်ရွယ်ချက်နဲ့ ဟန်ဆောင်လက်ထပ်ခဲ့ကြရာကနေ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ပေါက်ဖွားလာပါတော့တယ်။ IMDb rating 6.9/10 ရရှိထားပြီး ပရိသတ်အားပေးထောက်ခံမှု အများအပြားရရှိထားတဲ့ ဇာတ်လမ်းတွဲလေး ဖြစ်တာကြောင့် KDrama ချစ်သူတွေလည်း သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အားလုံးပဲ စောင့်မျှော်အားပေးကြပါဦးလို့…

0 comments:

Post a Comment