Pontypool (2008)

Rating : 6.6/10
Country : United State
Genre : Fantasy, Horror, Thriller  
Cast : Stephen McHattie, Lisa Houle, Georgina Reilly      
Released Date : 2020
Duration : 1h 33min 

ကနေဒါနိုင်ငံရဲ့ မြို့ငယ်လေးတစ်ခုဖြစ်တဲ့ Pontypool မြို့လေးမှာ Zombie virus ပိုးတွေပျံ့နှံ့ကူးစက်နေခဲ့ပါတယ်။ ဂရန်းမက်ဆီဟာ ရေဒီယိုဇာတ်လမ်းတင်ဆက်သူ ဖြစ်ပြီးတော့ Pontypool မြို့ငယ် Ontario မှာ အခြေစိုက်ထားတဲ့ရေဒီယို Station တစ်ခုမှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြတဲ့ ဆစ်နီနဲ့လူရီရယ်အန်တို့နဲ့အတူ Radio liveလွှင့်နေခဲ့ပါတယ်။ Live လွှင့်နေတဲ့အချိန်မှာပဲ ပြင်ပ Reporter တွေဖြစ်တဲ့ ကမ်င်လုံးနေဟာ မြို့ငယ်မှာဖြသ်ပျက်နေတဲ့ Zombie virus တွေအကြောင်းပြောနေခဲ့ပေမဲ့ မသေချာမရေရာသော စကားအသွားအလာများကြောင့် မက်ဆီဟာအပြင်မှာဘာတွေဖြသ်ပျက်နေလဲဆိုတာကို စဉ်းစားရခက်ဖြစ်နေခဲ့ပါတယ်။ Live လွှင့်နေတာကိုလဲဆက်လုပ်ရင်း အဖြစ်အပျက်တွေကိုလဲအဖြေရှာရင်းနဲ့မက်ဆီရဲ့လုပ်ဖော်ကိုင်ဖက်များဟာ Zombie အဖြစ်မျိုးဗီဇပြောင်းလဲသွားတဲ့နောက်…

မက်ဆီဟာလဲဖြစ်ပျက်နေတာတွေကိုနားလည်စပြုလာတဲ့အချိန် …
Radio station ထဲက လုပ်ဖော်ကိုင်ဖက်ဖြစ်သူ လူရီရယ်အန်သည်လည်း Zombie အဖြစ်မျိုးဗီဇပြောင်းလဲသွားတဲ့အချိန် … Zombie virus မှာလည်း အဆိပ်သင့်စကားလုံးတွေမှတစ်ဆင့် ကူးစက်ပျံ့ပွားသည့် Virus အမျိုးအစားဖြစ်နေသောအခါ…..
ရေဒီယိုတင်ဆက်သူဖြစ်တဲ့ ဂရန်းမက်ဆီဟာ သူ့ကိုယ်သူကယ်တင်နိုင်ပါ့မလား

အဆိပ်သင့်စကားလုံးတွေထဲကမှာ အခြားမကူးစက်နိုင်တဲ့ စကားလုံးတွေကို ရှိနိုင်ပါ့မလားဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ Pontypool မှာ စောင့်ကြည့်ကြရအောင် 

0 comments:

Post a Comment