Pinocchio (2019)

Rating : 6.5/10
Country : Italy
Genre : Drama, Fantasy
Cast : Federico Ielapi, Roberto Benigni, Rocco Papaleo
Released Date : 2019
Duration : 2h 5min

ပီနိုခီယိုဆိုတာ ပုံပြင်တွေ ဖတ်ဖူးတဲ့သူဆိုရင် ကြားဖူးကြမှာပါပဲ။ သစ်သားရုပ်ကလေးနေအသက်ဝင်လာတဲ့
ကလေးလေးပေါ့။ မိဘစကားနားမထောင်လို့ ဒုက္ခရောက်တဲ့အကြောင်း၊လူစိမ်းတွေကို မယုံဖို့အကြောင်း၊ပညာသင်ဖို့လိုကြောင်း၊ စိတ်ထားကောင်းရင် ကံကောင်းကြောင်း၊ သတ္တိရှိဖို့လိုကြောင်း စတဲ့အချက်တွေအားလုံးကို ပုံပြင်တစ်ခုထဲနဲ့ စုံအောင်ထည့်ပြီး ကလေးတွေအတွက် ဆုံးမပေးခဲ့တဲ့ ပုံပြင်လေးပါပဲ။ လိမ်ပြောရင်နှာခေါင်းကြီးရှည်ထွက်လာတယ်ဆိုတဲ့ ဗန်းစကားတွေ ပုံပြင်တွေအားလုံးက ဒီက စတာပါပဲ။ ဒီရုပ်ရှင်ကတော့အီတလီကားပါ၊ အရောင်တွေသုံးထားတာ ခပ်မှောင်မှောင်နဲ့ လူတွေကတော့ အတော်စုတ်စုတ်ပြတ်ပြတ်ဖြစ်နေအောင် ပြထားပါတယ်။ ဒစ်စနေးလိုတော့ အရောင်စုံလေးတွေ မပါပါဘူး။ ဒါပေမယ့် ကလေးတွေကိုပြဖို့ပဲ ဖြစ်ဖြစ်၊ကိုယ်တိုင်အပမ်းဖြေဖို့ပဲ ဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းလို့ တင်ဆက်ပေးထားလိုက်ပါတယ်။ပီနိုခီယိုရဲ့ ရှည်လျားတဲ့ စွန့်စားခန်းပုံပြင်ကြီးကို မေ့တေ့တေ့ဖြစ်နေတဲ့ ပုံပြင်ကြိုက်ခဲ့သူတွေအတွက်တော့ပြန်နွှေးဖို့နဲ့ ကလေးတွေကိုပြောပြဖို့ အခွင့်အရေးကောင်းပါပဲ။

0 comments:

Post a Comment