Operaton Proposal (2012)

16 Episodes

Rating : 7.4/10
Country : South Korean
Genre : Friendship,Romance,School,Sports,Fantasy
Cast : Park Eun Bin,Yoo Seung Ho,Lee Hyun Jin

ဒီဇာတ်လမ်းဟာ ကိုယ်တိုင် အရမ်းနှစ်ခြိုက်ခဲ့ကားလေးဖြစ်ပြီး ခုလို online ခေတ်မစားကတည်းက အခွေဝယ်ကြည့်ခဲ့ရတဲ့ ဇာတ်ကားလေး။ အခွေလဲ ခုထိသိမ်းထားတုန်းပဲ။ မင်းသားက Yoo Seung-ho ထူးထူးခြားမိတ်ဆက်ပေးဖို ့မလိုဘူး။ နောက်ဆုံးထွက်ခဲ့တဲ့ My Strange Hero ကားလေးနဲ ့နှလုံးသားသိမ်းပိုက်ပီးသား၊ ထူးခြားတစ်ခု ဒီဇာတ်ကားဟာ သူ ့ရဲ ့ပထမဆုံးပွဲဦးထွက် Drama ဖြစ်ပြီး အပီးထိ သူကပဲ ဇာတ်ကိုခေါ်သွားပေးတာ။ ပထဆုံးလို ့ မထင်ရအောင်ကောင်းလွန်းတယ်။ မင်းသမီးလေးက Secret Door (အက်မင်တို ့တင်ပေးဖူးပါတယ်)Hello, My Twenties! (1&2),Judge vs. Judge, The Ghost Detective (2018) တို ့နဲ ့ လူသိထားတဲ့ Park Eun-bin ပဲဖြစ်ပါတယ်။ အပိုင်းအရေအတွက် (၁၆)ပိုင်း ပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးပြောရရင်- ဒီကားလေးက စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတစ်ပုဒ်လို ့ပဲဆိုရမယ်။ကောင်လေးတစ်ယောက် ငယ်ငယ်လေးတည်းက ကောင်မလေးနဲ ့အချစ်ဆုံး Best Friend၊ အရွယ်ရောက်လာတဲ့ သူတို ့နှစ်ယောက်မှာ ကောင်လေးက အဆင့်တက်ချင်လာတယ်၊ ကြိတ် crushရနေပြီ။ ကောင်မလေးကလဲဖွင့်ပြောမလားလို ့မျှော်လင့်နေတယ်၊ ဒါပေမဲ့ဖွင့်ပြော ကြံတိုင်း မအောင်မြင် မပြောရဲပဲ နေလာခဲ့တာ တစ်ရက် ကောင်မလေးက တခြားလက်သွက်တဲ့တစ်ယောက်နဲ ့မင်္ဂလာဆောင်ဖို ့ဖြစ်လာပါလေရော......... ဒီလိုနဲ ့ကောင်လေးမှာ ကြေကွဲပြီး ဘယ်လိုမှ မတတ်နိူင်ပဲလက်လွှတ်ပေးလိုက်ရတယ်ဆိုပါတော့၊ နောင်တတွေရ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဝမ်းနည်းငိုကြွေနေတဲ့ကောင်လေး ကံကြမ္မာ အလှည့်ပြောင်းဖြစ်စေမဲ့ အခွင့်အရေးလေးရရှိလာပါတော့တယ်... ဘယ်လိုရရှိပြီး ရရှိလာတဲ့ အခွင့်အရေးလေးကိုရော အသုံးချနိုင်မလဲဆိုတာ ဒီကောင်လေးကို အသည်းတယားယား ဒေါသတဖြစ်ဖြစ် ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်..... {စကားချပ်} - ဒီဇာတ်လမ်းမှာ ကောင်လေးကို တော်တော်အသည်းယားဖို ့ကောင်းအောင် စိတ်ထဲတနုတ်နုတ်ဖြစ်ရတယ်။ ဒါကြောင့် အခင်ဆုံးBFတွေ၊ Crush နေရတဲ့သူတွေရှိရင် ရဲရဲသားဖွင်ပြောလိုက်ပါ၊ နောင်တဆိုတာ နောင်မှရလို ့ဒီကားထဲကလို ပြန်ပြင်ဆင်ခွင့်ပေးမှာမဟုတ်ပါဘူး။)

0 comments:

Post a Comment