Nerve (2016)

Rating : 6.5/10
Country : United State
Genre : Adventure, Crime, Drama
Cast : Emma Roberts, Dave Franco, Emily Meade
Released Date : 2016
Duration :  1h 36min

သရုပ်ဆောင်တွေ က Emma Roberts နဲ့ Dave Franco ။
ဒီနေရာမှာ ရုပ်ရှင်အကြောင်းထက် သရုပ်ဆောင်အကြောင်းအရင်ပြောချင်တယ်။
ဒီကား Trailer ကြည့်ပြီးတဲ့ သဘောကျသွားတဲ့တစ်ချက်ကတော့ မင်းသား မင်းသမီး ရွေးချယ်မှုပဲ (juz my opinion)

Dave Franco
2010 နောက်ပိုင်း ကောင်မလေးတွေ ကြွေတဲ့စာရင်းမှာ ပါလာတဲ့ မင်းသားတစ်လက်ဆိုမမှားပါဘူး။သူ့ကို လူသိများလာစေတဲ့ရုပ်ရှင်တွေက 21JumpStreet, 22JumpStreet, Now You See Me, Now You See Me 2 and Neighbors
ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ခဲ့တာမျိုးတော့ မဟုတ်ဘူး။
အခု NERVE က သူ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မယ့်ဇာတ်လမ်း ။ ဟုတ်ပြီ Emma Roberts အကြောင်းဆက်ပြောမယ်။
Emma Roberts
ကိုယ့်အနေနဲ့ပြောရမယ်ဆိုရင်တော့ AQUARMARINE ထဲမှာတည်းက ကြွေတာ ။
မင်းသမီးသုံးယောက်ထဲမှာ သူ့ကို အကြိုက်ဆုံး ။ နောက်ပြီး သူ က သရုပ်ဆောင်တင်မဟုတ်ဘူး Unfabulous and More သီချင်း Album လည်းထွက်ခဲ့ဖူးတယ်။
သူပါဝင်တဲ့လူသိများတဲ့ ရုပ်ရှင်တွေက AQUAMARINE, Scream 4, We are the millers

Dave Franco and Emma Roberts , သူတို့နှစ်ယောက်တော်တော်အတွဲညီမယ်လို့မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က Level လည်း မတိမ်းမယိမ်း ပဲ နောက်ပြီး ထူးခြားချက်က ရုပ်လည်း ဆင်တယ် ။ နှစ်ယောက်လုံးရဲ့ပုံစံကလည်း လုံးဝ Fancy ဆန်တယ်။

NERVE ကလည်း Fancy အထာပဲ ။ ဇာတ်လမ်းပုံစံ က Online Game တစ်ခုကစား တဲ့အကြောင်း။ ဘယ်လို Game မျိုးလဲဆိုတော့ Truth or Dare ပုံစံ ။ Game ထဲမှာ Player ရှိတယ် Watcher ရှိတယ်။ Player တွေက Watcher တွေရဲ့စိန်ခေါ်မှုကို လက်ခံပြီး အောင်မြင်အောင် လုပ် နိုင်လျင် လောင်းကြေးကို နိုင်တယ်။
အန္တရာယ်များလေ လောင်းကြေးများလေ ။ Emma Roberts က အဲ့ Game ကို ကစားဖို့လက်ခံလိုက်တယ် ။
ပထမဆုံး စိန်ခေါ်မှုက စားသောက်ဆိုင်မှာ တွေ့တဲ့ သူစိမ်းတစ်ယောက်ကို နမ်းရမှာ ။ အဲ့မှာ သူရွေးလိုက်တဲ့
သူ က Dave Franco ။ Dave Franco ကိုယ်တိုင် ကလည်း Nerve Player တစ်ယောက် ။
သူတို့နှစ်ယောက်အတူ ကစားရင်း တဖြည်းဖြည်း စိန်ခေါ်မှုတွေက ကြီးလာတယ်။
စိန်ခေါ်မှုတွေကြီးလာတဲ့အလျောက် စိန်ခေါ်မှုတွေကို လွယ်လွယ်ငြင်းပယ်လို့ မရတော့တဲ့အခါ
စိန်ခေါ်မှုတွေအားလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပါ့မလား ၊
တစ်ခြား Player တွေရဲ့ အနှောင့်အယှက် တွေကရော ၊
Game ကို ပြီးတဲ့အထိ ဆက်မကစားပဲ ရပ်လိုက်ရင် Watcher တွေရဲ့တုန့်ပြန်မှုက ၊
အသက်အန္တရာယ် ထိခိုက်စေမယ့် စိန်ခေါ်မှုတွေ ကိုရော ၊
ဒါတွေက Trailer ကြည့်ပြီး ထွက်လာတဲ့မေးခွန်းတွေပါ ၊ ပြောရရင် Pokemon Go ခေတ်စားနေတဲ့အချိန်နဲ့တောင်တိုက်ဆိုင်တယ် ။
သူပေးချင်တဲ့ Message ကလည်း Online Game တွေ ကို စွဲစွဲလမ်းလမ်း ကစားမိလို့မထင်မှတ် တဲ့ ပြသနာ တွေ ရင်ဆိုင်ရတယ်ဆိုတာမျိုးလည်းပါမယ်ထင်တယ် ။ (ဘာမှတော့မဆိုင်ပါဘူး :P)
– Super Hero ဇာတ်လမ်းတွေ များနေတဲ့ ဒီနှစ်မှာ “Nerve” ရဲ့ဇာတ်လမ်း ပုံစံက ကြည့်ချင်စရာကောင်းတဲ့ ဇာတ်လမ်း စာရင်းထဲမှာပါတယ်။
– Emma Roberts နဲ့ Dave Franco တို့ရဲ့ အဓိက သရုပ်ဆောင် အနေနဲ့ သရုပ်ဆောင်မှုကိုလည်း ကြည့်ချင်တယ်။ (တကယ်အတွဲညီမယ်လို့လည်းမျှော်လင့်တယ်)
– နောက်ဆုံးတစ်ခု က Trailer မှာပါတာ စိတ်ဝင်စားစရာ အကုန် ပဲဆိုတဲ့ ပုံစံမျိုး မဟုတ်လောက်ဘူး။
သြော် မေ့တော့မလို့ Machine Gun Kelly(MGK) ကလည်း Nerve Player အနေနဲ့ ပါသေးတယ်ဗျာ ။

0 comments:

Post a Comment