Mystic Pop-Up Bar (2020)

12 Episodes

Rating : 8.7/10
Country : South Korean
Genre : Mystery, Comedy, Drama, Fantasy
Cast : Yook Sung Jae, Hwang Jung Eum

ပရိတ်သတ်ကြီးအတွက် ထူးခြားဆန်းကြယ်စိတ်ကူးယဉ်ဇာတ်လမ်းကောင်းကောင်းလေး တစ်ကားဖြစ်တဲ့

"Mystic Pop-up Bar"

လို့အမည်ရတဲ့ကားလေးနဲ့ မိတ်ဆက်ပေးအုန်းမယ်နော် (She Was Pretty)(Kill Me:Heal Me)စတဲ့တခြားဇာတ်ကားတွေအများကြီးနဲ့ကျော်ကြားတဲ့ မင်းသမီး Hwang Jung Eum နဲ့ (Goblin)ထဲမှာ ယူဒေါ့ဟွာဆိုပြီး လူသိများခဲ့တဲ့ မင်းသား Yook Sung Jae တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။

Wol Joo(Hwang Jung Eum) ဟာလျှို့ဝှက်ဆန်းကြယ်တဲ့ အစားအစာဘားလှည်းလေးရဲ့ပိုင်ရှင်ဖြစ်ပြီးတော့ အရင်ဘဝကသူ့ရဲ့အပြစ်ကြွေးကိုဆပ်တဲ့အနေနဲ့ ဘားလှည်းကိုလာရောက်တဲ့ ဧည့်သည် ၁၀၀,၀၀၀ ရဲ့ပြဿနာတွေကိုနားထောင်ပေးပြီး သူတိုရဲ့ဒဏ်ရာတွေကိုကုသပေးရမှာပဲဖြစ်ပါတယ်။

ထိုဘားလှည်းလေးကိုလာလည်တဲ့ဖောက်သည်တွေထဲမှာ သက်ရှိလူသားတွေတင်မကဘဲ သေပြီးသားလူများလည်းပါဝင်ပါတယ်။Han Kang Bae(Yook Sung Jae)ကတော့ GapEul စူပါမားကတ်က ဧည့်သည်အကြံပေးစင်တာမှာ လုပ်ကိုင်နေပြီး လျှို့ဝှက်ဆန်းကြယ်ဘားလေးရဲ့ ဖောက်သည်တစ်ဉီးဖြစ်လာခဲ့ပါတယ်

။အဲ့ဒီဘားမှာလည်း အချိန်ပိုင်းအလုပ်သမားအနေနဲ့ အလုပ်လုပ်ရင်းပြဿနာတွေဖြေရှင်းရာမှာ ကူညီပေးနေတဲ့သူဖြစ်ပါတယ်။

"Mystic Pop-up Bar"လေးကနာမည်ကြီး Webtoon တစ်ခုအပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး ညအချိန်ခေါင်မိုးထပ်မှာထူးခြားဆန်းကြယ်စွာပေါ်လာတဲ့ ဘားလှည်းလေးက မတူညီတဲ့ ကမ္ဘာသုံးခု ကိုလှည့်လည်သွားလာနိုင်တာမို့ ..... စိတ်ဝင်စားစရာကောင်းတဲ့ ဒီကားလေးကိုစောင့်မျှော်ကြည့်ရှု့ပေးပါအုန်းနော်။

0 comments:

Post a Comment