Killbird (2019)

Rating : 4.2/10
Country : United State
Genre : Thriller 
Cast : Tahmoh Penikett, Elysia Rotaru, Aaron Douglas 
Released Date : 2019
Duration : 1h 25min

 Taylor Craneဟာငှက်ကြည့်သမားတစ်ယောက်ဖြစ်ပြီး
Oregonဘက်ကိုလာရင်း လမ်းပျောက်ကာ တောထဲတွင်ကားထိုးရပ်သွားခဲ့ပါတယ်

တိုက်တိုက်ဆိုင်ဆိုင် ဖုန်းလိုင်းပါပြတ်သွားခဲ့တဲ့အတွက် အကူအညီလိုက်ရှာရင်း အိမ်လေးတစ်လုံးကိုတွေ့ပြီး အကူအညီတောင်းရာ Riadဆိုတဲ့တစ်ကိုယ်ထဲနေလူတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်

Riadက မြို့ထဲကိုမွန်းလွဲပိုင်းလိုက်ပို့ပေးမယ်ဆိုတဲ့အတွက်ကြောင့်စောင့်ရင်း အငြိမ်မနေနိုင်သောမိန်းမတို့ဗီဇပီပီ စပ်စုရာ အန္တရာယ်တောထဲရောက်မှန်းမသိရောက်လာပါတယ်

တောထဲတွင်တစ်ယောက်ထဲနေပြီး ကျူးကျော်အချက်ပေးသံပါတပ်ထားတဲ့ Riadရဲ့လျှို့ဝှက်ချက်တွေကို Taylorတစ်ယောက်မြင်တွေ့သွားချိန်မှာတော့

အလွန်အမင်းသံသယများတတ်သူRiadက ချုပ်နှောင်ပြီးစစ်မေးတဲ့အချိန် လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်

ဒီနေရာမှာ Taylorဟာ သာမန်ထက်စူးစမ်းချင်စိတ်လွန်ကဲနေလား သူမမှာလဲကွယ်ဝှက်ထားသော အရာများရှိလားဆိုတာကိုတော့ သည်းထိပ်ရင်ဖို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်

0 comments:

Post a Comment