My Heart Twinkle Twinkle (2015)

26 Episodes

Rating : 7.1/10
Country : South Korean
Genre : Romance,Drama,Family,Melodrama
Cast : Jang Shin Young,Bae Soo Bin,Nam Bo Ra,Lae Tae Im

မိခင်ဆုံးပါးပြီးတဲ့နောက် မိသားစု စီးပွားရေးဖြစ်တဲ့ ကြက်ကြော်ဆိုင်ကို Soon Jin တစ်ယောက် ဖခင်နှင့်အတူ ဦးဆောင်ရင်း အငယ်ညီမနှစ်ယောက်တွက် စွန့်လွှတ်အနစ်နာခံခဲ့ရပါတယ်။ ကြက်ကြော်ဆိုင်ဆိုတာ ကိုရီးယားမှာတော့ ဘာမှမဟုတ်တဲ့ သာမန်လူတန်းစားတွေရဲ့ အလွယ်ကူဆုံး - ဘဝရပ်တည်မှုတွက် ဖြေရှင်းလေ့ရှိတဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းအသေးစားပါ။ သို့သော်လည်းအပြိုင်ဆိုင်တွေပေါတဲ့ခေတ်မို့ ငွေအင်အားကြီးတဲ့ စီးပွားပြိုင်ဘက်တို့ကြောင့် လောကဒဏ်ရိုက်ချက်က သူမတွက်တော့ လှိုင်းကြီးလေထန်ပါပဲ။ ဒီလိုနဲ့ အငယ်ဆုံးညီမလေး Soon Jung ရဲ့ အချစ်ရေးဇာတာ ဆန်းပွင့်မှုကြောင့်ပဲပြောရမလား? လူမှုပတ်ဝန်းကျင်မှာ မြင်ရလေ့ရှိတဲ့ အပြောင်းလဲအချိုးကွေ့များနဲ့ အပြိုင်ဆိုင်ပါဝင်ထားတဲ့ ဇာတ်ဆောင်ပေါင်းများစွာရဲ့ ဇာတ်ရုပ်ကလည်း အပိုလိုမရှိစေရအောင် မိသားစုမေတ္တာ အချစ်နဲ့အိမ်ထောင်ရေး လူ့ကျင့်ဝတ်နဲ့ငွေကြေးသိက္ခာ . . . စသဖြင့် ကြည့်ရှုခံစားလိုက်ပါဦးလို့ လိုအပ်သော ကွက်လပ်များတွက် ဖြည့်စွမ်းပေးလိုက်ပါတယ် :)

0 comments:

Post a Comment