Money Flower (2017)

24 Episodes

Rating : 8.4/10
Country : South Korean
Genre : Business,Law,Romance,Drama,Melodrama
Cast : Jang Hyuk,Park Se Young,Jang Seung Jo,Lee Mi Sook,Lee Soon Jae,Han So Hee

ကိုရီးယားနိုင်ငံရဲ့ ချွန်းအာလုပ်ငန်းစုကြီးကို အမှန်တကယ်ဆက်ခံခွင့်ရှိသူက ဘယ်သူလဲ ? ဂန်ပယ်ဂျို ------------- မိဘမဲ့တစ်ယောက်ဖြစ်ပေမယ့် သူ့နောက်မှာ ကျောထောက်နောက်ခံ ငွေကြေးအင်အားကြီးမားသူတွေရှိသလို သူကိုယ်တိုင်လည်း အဲ့ဒီလူတွေတွက် နောက်လိုက်ခွေးလို့ လူအများသတ်မှတ်တာခံရပေမယ့်လည်း တကယ်တမ်းတော့သူက ငွေရှင်ကြေးရှင်တွေကို သူလိုရာကြိုးဆွဲကစေနိုင်တဲ့သူ ဥပဒေအကြံပေး ကိုယ်စားလှယ်ရှေ့နေတစ်ယောက်ပါ။ ဥက္ကဋ္ဌဂျန်ဂိုဟွမ် ----------------- အသက်ကြီးပေမယ့် မာန်မာနတွေကငယ်ရွယ်နုပျိုတုန်းဖြစ်ပြီး ချွန်းအာလုပ်ငန်းစုတွက် ထုံးတမ်းစဉ်လာတွေကိုပယ်ဖျတ်ပြီး လုပ်ငန်းစုတွက် အလားလာရှိတဲ့ ဒုတိယသားကမွေးတဲ့မြေးကိုမှ ကုမ္ပဏီဥက္ကဋ္ဌ အရိုက်ရာဆက်ခံစေချင်သူ ဂျန်ဘိုချွန်း ------------- အစဉ်လာတိုင်း ဆက်ခံခွင့်ရှိသူ မြေးအကြီးဖြစ်ပေမယ့် အသုံးမကျခြင်းများစွာနဲ့ ဂန်ပယ်ဂျိုရဲ့ အုပ်ထိန်းမှုအောက်ကနေ ဘဝရပ်တည်နေရသူမို့ ဥက္ကဋ္ဌရာထူးနဲ့လွဲချော်နေရသူ နာမိုဟွန်း ----------- ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး ၀ါသနာပါသူ ဖခင်က သမ္မတရွေးကောက်ပွဲဝင်သည်အထိ နိုင်ငံရေးသမားဖြစ်သော်လည်း အချစ်ရေးမှာ သူ့စိတ်ကူးက သူ့ဘဝတွက်အချစ်ဦးကသာ အဓိပ္ပာယ်တစ်ခုလို့ ခံယူထားသူမို့ သူတို့အားလုံးဆုံကြပြီ >>> D ဇာတ်လမ်းတွဲမှာ အဓိကရှုမြင်ရမှာက ငွေနဲ့ဂုဏ်ကိုတတ်မက်မောသူတွေနဲ့ အင်အားရှိသူတွေရဲ့ ယှဉ်ပြိုင်မှုပြင်းထန်ပုံတွေဖြစ်ပြီး စကားအသုံးနှုန်း ခပ်မြင့်မြင့်တွေနဲ့ အထက်တန်းစား ဇာတ်ကွက်တွေကို ရှုမြင်ရမှာဖြစ်ပါတယ် ----------------------------------------------------------------------------------------- ချွန်းအာလုပ်ငန်းစုကြီး ပြိုလဲသွားမသွား မည်သူ့လက်ထဲရောက်ရှိသွားမလဲ ??? ငွေကြေး၊ နိုင်ငံရေးနဲ့ ခေတ်ရဲ့အလှည့်ပြောင်းတွေကို ပေါ်လွင်ထင်ဟပ်စေမှာဖြစ်ပြီး မျက်မှောက်ခေတ်ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်ပျက်များကို ဖြစ်ရပ်မှန်မဟုတ်သော်ငှား လက်တွေ့ကျကျ စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးမို့ ပရိသတ်တွက် တင်ဆက်ပေးလိုက်ပါရစေ!!!

0 comments:

Post a Comment